to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Tax Rule

အခွန်စည်းမျဥ်းတစ်ခု ကြိုတင်သတ်မှတ်ထားပြီး သတ်မှတ်ထားသောစည်းမျဉ်းများအပေါ်အခြေခံ၍ အခွန်ငွေများကို အလိုအလျောက် သက်ရောက်လိုပါက Tax Rule တွင်သတ်မှတ်နိုင်ပါသည်။

Tax Rule ထည့်သွင်းရန်အတွက်

Home > Accounting > Taxes > Tax Rule

  • Add Tax Rule ကိုနှိပ်ပါ။

  • Tax Type တွင် Sales (or) Purchase ရွေးချယ်ပါ။

Screenshot 2024-04-30 103132

  • Tax Type တွင် Sales ရွေးချယ်ပါက Sales နှင့်ချိတ်မည့် Sales Tax Template အားရွေးချယ်ပါ။Purchase ရွေးချယ်ပါက Purchase နှင့်ချိတ်မည့် PurchaseTax Template အားရွေးချယ်ပါ။

  • သတ်မှတ်ထားသော Tax rule အား အလိုအလျှောက်သတ်မှတ်ရန်အတွက် Filter တွင အလိုအလျှောက်သတ်မှတ်လိုသော filter အားရွေးချယ်ပေးရပါမည်။
  • ဥပမာ : Customer တစ်ယောက်နာမည်အားရွေးလိုက်လျှင် Tax Rule ကျပေးရန်အတွက် Filter တွင် သတ်မှတ်နိုင်သည်။
  • Filter အောက်တွင်ပါသော အကွက်များတွင် Filter ထည့်သွင်းနိုင်သည်။

  • From Date & To Date တွင် သတ်မှတ်ထားသော rule အား အကျုံးဝင်မည့် ရက်အစ နှင့် ရက်အဆုံးအားသတ်မှတ်နိုင်သည်။

  • Priority တွင် ကိန်းဂဏန်းသတ်မှတ်ပေးရပါမည်။
  • ဥပမာ: Cash Sales Customer အတွက် သတ်မှတ်ထားသော Rule နှစ်ခုရှိပါက Sales Transaction တွင် Priority အမြင့်ဆုံး rule အားယူမည်ဖြစ်ပါသည်။ Priority 1 & 2 ရှိပါက 2 သည်အမြင့်ဆုံးဖြစ်သည့်အတွက် 2 အား Transaction တွင် အလိုအလျှောက်သတ်မှတ်ပေးမည်ဖြစ်ပါသည်။

  • ထည့်သွင်းထားသော Tax Rule အား Tax List တွင် တွေ့မြင်ရပါမည်။

Tax Rule အလုပ်လုပ်ပုံ

  • Tax Rule တွင် သတ်မှတ်ထားသော tax template တွင် ပါတွင်သော Tax Charges များသည် အောက်ပါပုံအတိုင်းဖြစ်သည်။

  • Tax Rule တွင် ရွေးချယ်လိုက်သော Customer အား Sales Transaction တွင် ရွေးချယ်လိုက်ပါက Sales Tax and Charges Template တွင် အလိုအလျောက်သတ်မှတ်မည်ဖြစ်ပါသည်။

CPT2404301218-1276x706

Last updated 4 hours ago
Was this helpful?
Thanks!