to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Document Naming Rule

Branch အသစ် တိုးပြီးနောက် ထို Branch တွင်ရှိသော ဝန်ထမ်းများကို Branch ၏ Naming Series အလိုက်တပ်လိုပါက အောက်ပါအတိုင်း ထည့်သွင်းပေးရပါမည်။

Naming Series ထည့်သွင်းရန်အတွက် Search နေရာတွင် Document Naming Rule ဟုရိုက်ရှာပေးရပါမည်။

  • Add Document Naming Rule ကိုနှိပ်ပါ။

  • Document Type နေရာတွင် Employee ထည့်သည့်အချိန်တွင် Branch အလိုက် Naming Series ဖြင့်တပ်ချင်တာဖြစ်သည့်အတွက် Employee ကို ရွေးပါ။
  • Edit Full Form ကိုနှိပ်ပါ။

  • Rule Conditions ဘေးနားတွင်ရှိသော မျှားကိုနှိပ်ပါ။
  • Conditions အောက်တွင်ရှိသော Add Row ကိုနှိပ်ပါ။
  • Filed နေရာတွင် Branch (branch) ကိုရွေးပါ။
  • Value နေရာတွင် မိမိအသစ်ထည့်သွင်းထားသည့် Branch ကိုထည့်ပေးရပါမည်။ (ထိုနေရာတွင် Software ထဲတွင်ထည့်ထားသည့် Branch Name ကို copy ယူပြီးထည့်ပေးရပါမည်။)
  • Digits တွင် မိမိတပ်လိုသည့် Code ၏ အရေအတွက်ကို သတ်မှတ်နိုင်ပါသည်။
  • ထို့နောက် Save ကိုနှိပ်ပါ။

  • ထို Branch နှင့်ဆိုင်သည့် ဝန်ထမ်းကို ထည့်သွင်းပါက Employee ID သည် မိမိသတ်မှတ်ထားသည့် Naming Series ဖြင့် တက်သွားသည်ကို အောက်ပါအတိုင်းတွေ့ရပါမည်။

Last updated 5 hours ago
Was this helpful?
Thanks!