to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Payment Reconciliation

Payment Reconciliation ကို invoice များအား ငွေပေးချေမှုများအတွက် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

Payment Entry / Journal Entry များမှ Customer များမှ ငွေရရှိခြင်း နှင့် ငွေပေချေခြင်းများအတွက် ငွေအဝင်/အထွက်များထည့်သွင်းခဲ့ပြီး ငွေရရှိသည့် Invoice ၊ ငွေပေးချေသည့် invoice များ နှင့်ချိတ်တွဲခဲ့ခြင်းမရှိသည့်အတွက် ဘောင်ချာများတွင် ငွေရရန်ကျန် ၊ ငွေပေးရန်ကျန်စာရင်းများအဖြစ်ပေါ်နေပါက သက်ဆိုင်ရာ ငွေရရှိသည့် Invoice ၊ ငွေပေးချေသည့် invoice များအား ငွေရရှိ(သို့)ငွေပေး ထည့်သွင်းခဲ့သည့် Payment Entry ၊ Journal Entry အစောင်များချိတ်ဆက်ရန် Payment Reconciliation အားအသုံးပြုနိုင်သည်။

Payment Reconciliation ထည့်သွင်းရန်အတွက်

Home > Accounting > Account Receivable (or) Account Payable > Payment Reconciliation

  • Party Type တွင် Customer (or) Supplier ရွေးချယ်ပါ။

  • Party တွင် Customer (or) Supplier အမည်အားရွေးချယ်ပါ။

  • From Invoice Date & To Invoice Date တွင် Invoice အတွက် ရွေးချယ်လိုသော Date Limit ရှိပါက ရွေးချယ်နိုင်ပါသည်။

  • မဖြစ်မနေရွေးချယ်ရန်မလိုပါ။

  • ရွေးချယ်ပါက သတ်မှတ်ထားသော Date Limit အတွင်းရှိသည့် Invoice များသာပေါ်မည်ဖြစ်ပါသည်။

  • From payment date & To invoice date တွင် Payment အစောင်များအတွက် ရွေးချယ်လိုသော Date Limit ရှိပါက ရွေးချယ်နိုင်ပါသည်။

  • မဖြစ်မနေရွေးချယ်ရန်မလိုပါ။

  • ရွေးချယ်ပါက သတ်မှတ်ထားသော Date Limit အတွင်းရှိသည့် Payment များသာပေါ်မည်ဖြစ်ပါသည်။

  • Minimum Invoice Amount & Maximum Invoice Amount တွင် အနည်းဆုံးနှင့် အများဆုံးကျချင်သည့် Invoice ပမာဏများအား ထည့်သွင်းနိုင်ပါသည်။

  • မဖြစ်မနေထည့်သွင်းရန်မလိုပါ။

  • ရွေးချယ်ပါက သတ်မှတ်ထားသော Amount အတွင်းရှိသည့် Invoice များသာပေါ်မည်ဖြစ်ပါသည်။

  • Minimum Payment Amount & Maximum Payment Amount တွင် အနည်းဆုံးနှင့် အများဆုံးကျချင်သည့် Payment ပမာဏများအား ထည့်သွင်းနိုင်ပါသည်။

  • မဖြစ်မနေထည့်သွင်းရန်မလိုပါ။

  • ရွေးချယ်ပါက သတ်မှတ်ထားသော Amount အတွင်းရှိသည့် Payment များသာပေါ်မည်ဖြစ်ပါသည်။

  • Invoice Limit တွင် ငွေမချေရသေးသည့် ရက်အစမှစတင်၍ အစောင်ရေ 50 အားပြမည်ဖြစ်ပါသည်။

  • Invoice အားလုံးကျလိုပါက Invoice Limit 50 နေရာတွင် 0 ထား၍ Get Unreconciled အားနှိပ်နိုင်ပါသည်။

Screenshot 2024-04-29 103412

  • Payment Limit တွင် ငွေမချေရသေးသည့် ရက်အစမှစတင်၍ အစောင်ရေ 50 အားပြမည်ဖြစ်ပါသည်။

  • Payment အားလုံးကျလိုပါက Payment Limit 50 နေရာတွင် 0 ထား၍ Get Unreconcied အားနှိပ်နိုင်ပါသည်။

Screenshot 2024-04-29 105434

  • Accounting Dimensions Filter အောက်မှ Cost Center တွင် Invoice & Payment များအား ကျလိုသည့် Cost Center သာရွေးချယ်နိုင်သည်။

  • Cost Center မရွေးချယ်ပါက Cost Center အားလုံးတွင်ရှိသော Invoice & Payment အားလုံးကျမည်ဖြစ်ပါသည်။

  • မဖြစ်မနေရွေးချယ်ရန်မလိုပါ။

Screenshot 2024-04-29 105612

  • Unreconciled Entries အောက်မှ

  • Filter on invoice တွင် သိလိုသော Invoice no အားထည့်၍ ရှာဖွေနိုင်ပါသည်။

  • Filter on payment တွင် သိလိုသော Payment no အားထည့်သွင်း၍ ရှာဖွေနိုင်ပါသည်။

  • မဖြစ်မနေရွေးချယ်ရန်မလိုပါ။

  • Get Unreconciled Entries ကိုနှိပ်ပါ။

Screenshot 2024-04-29 111536

  • Allocate လုပ်မည့် Payment (or) Journal အစောင်များနှင့် Invoice အစောင်များအား Select ပေးပါ။

Screenshot 2024-04-29 111242

  • Allocate နှိပ်ပါ။

Screenshot 2024-04-29 111638

  • Allocate လုပ်လိုက်သည့် Payment နှင့် Invoice အစောင်များအား Allocated Entries ဇယားတွင်တွေ့ရမည်။

  • Reconcile မလုပ်ခင်အချိန်တွင် invoice များအားကြည့်ပါက ငွေရရန်ကျန်သည့်အတွက် Overdue (or) Unpaid Status အားတွေ့မြင်ရမည်။

  • Reconcile နှိပ်ပါ။

Screenshot 2024-04-29 111847

  • Successfully Reconciled အားတွေ့မြင်ရပါက Invoice များတွင် Allocate လုပ်ပြီးဖြစ်ပါသည်။

Screenshot 2024-04-29 111954

  • Successfully Reconciled ဖြစ်သွားပါက Reconcile လုပ်ထားသည့် Invoice များတွင် ငွေကျေပါက Paid Status ပြောင်းသွားကြောင်းတွေ့မြင်ရမည်။

Screenshot 2024-04-29 114134

Last updated 4 hours ago
Was this helpful?
Thanks!