Payment Terms & Cash Discount V16
Payment Terms & Cash Discount ERPNext တွင် သတ်မှတ်ရက်အတွင်း ငွေပေးချေမှုများအတွက် Discount ပေးခြင်းများအား ပြုလုပ်လိုသည့်အခါ အောက်ပါအဆင့်အလိုက် လုပ်ဆောင်ပေးရန်လိုအပ်သည်။
(1) Payment Term သတ်မှတ်ခြင်း။
(2) Payment Term များအား Template အနေဖြင့်ချိတ်ဆက်ခြင်း။
(3) Sales Invoice or Customer တွင် Payment Termplate သတ်မှတ်ခြင်း
(4) Payment Entry ပြုလုပ်ခြင်း။
1. Payment Term သတ်မှတ်ခြင်း
Accounts Setup ထဲမှ Payment Term ထဲသို့ဝင်၍ Add Payment Term ကိုနှိပ်ပါ။

2. Payment Term Template သတ်မှတ်ခြင်း။
1.သက်ဆိုင်ရာ Payment Term Name ထားပေးပါ။
2.Invoice Portion ကို သက်ဆိုင်ရာ Portion အလိုက် ခွဲခြားသတ်မှတ်ပေးရမည်။
3.Discount Validity ရက်သတ်မှတ်ပေးရန်လိုအပ်ပါသည်။
4.ထို့နောက် save ကိုနှိပ်ပေးပါ။

3. Customer တွင် Payment Term Template ချိတ်ဆက်ခြင်း။
1.Payment Term Template နှင့်ချိတ်ဆက်ရန် Payment Term Template ထဲသို့ဝင်၍ Add Payment Term Template ကိုနှိပ်၍ သက်ဆိုင်ရာ Template Nmae ထားပေးပါ။
2.Payment Term တွင် သက်ဆိုင်ရာ Payment Term နှင့်ချိတ်ဆက်ပေးရပါမည်။ ထို့နောက် Save ကိုနှိပ်ပေးပါ။

1.ထို့နောက် Payment Term ချိတ်ဆက်လိုသော Customer ကိုရွေး၍ Default တွင် သက်ဆိုင်ရာ Payment Term ကိုချိတ်ဆက်ပေးပါ။

4. Sales Invoice Payment Term
1.Sales Invoice ဖွင့်၍ သက်ဆိုင်ရာ Customer ကိုရွေးချယ်ပါ။( ထိုမှသာ System မှ ၎င်း၏သတ်မှတ်ချက်ကို အလိုအလျောက်ထည့်သွင်းပေးမည်ဖြစ်ပါသည်။ )
2.System မှ တွက်ချက်ပေးသော Posting Date နှင့် Payment Due Date တို့ မှန်ကန်မှု ရှိမရှိ စစ်ဆေးပါ။
3.အချက်အလက်များအားလုံးမှန်ကန်ပြီဆိုပါက Save / Submit ( Yes ) ကိုနှိပ်ပါ။

5. Payment မှ ငွေလက်ခံခြင်း
Create မှ payment ကိုနှိပ်ပါ။
Reference Date for Early Payment Discount Box ကျလာပါက အမှန်တကယ်ငွေဝင်လာသော Date ကိုရွေးပေးပါ ။
မှတ်ချက်။ သတ်မှတ်ထားသော discount ပေးမည့်ရက်ထက်ကျော်လွန်ပြီး Reference Date ထည့်ပါက System မှ Discount Amount ကို တွက်ချက်မည်မဟုတ်ပါ။

Reference Date တွင် Discount ပေးမည့်ရက်အတွင်းဝင်ပါက Paid Amount တွင် Discount နှုတ်ပြီးသား Amount ကိုတွေ့ရမည်။

Deduction or Loss တွင် Discount အတွက် သက်ဆိုင်ရာ Account ကိုတွဲပြီး မှန်ကန်ပါက Save/ Submit ကိုနှိပ်ပါ။ ထိုကဲ့သို့ Payment Term မှ Sales Invoice Payment အထိ အဆင့်ဆင့်လုပ်ဆောင်နိုင်ပါသည်။
