to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Stock Projected Qty Report

ကုန်ပစ္စည်း တစ်မျိုးခြင်းစီအလိုက် ကုန်လက်ကျန် နှင့် အခြား ခန့်မှန်းလိုအပ်ချက်များအပေါ် မူတည်၍ Stock Qty Level ကို ကြိုတင်ခန့်မှန်းလိုပါက Stock Projected Qty Report တွင် ကြည့်ရှု စစ်ဆေးနိုင်ပါသည်။

ထို့အပြင် ကုန်ပစ္စည်းများ၏ Reorder Level သတ်မှတ်ထားသည့်အပေါ်မူတည်၍ Reorder Qty များကို စစ်ဆေးနိုင်မည်ဖြစ်ပြီး ရုတ်တရက် ကုန်လက်ကျန်ပြတ်လတ်မှုများနှင့် မှန်ကန်တိကျသော အဝယ်အမှာစာများ ခန့်မှန်းဆုံးဖြတ်နိုင်ရန် များစွာအထောက်အကူပြု နိုင်မည်ဖြစ်သည်။

Stock Projected Qty တွက်ချက်ပုံမှာ....

*Projected Qty = Actual Qty + Planned Qty + Requested Qty + Ordered Qty

  • Reserved Qty - Reserved Qty for Production - Reserved Qty for Subcontracting*

ကုန်ပစ္စည်းများအတွက် Warehouse အလိုက် ၊ Item Group အလိုက် ၊ Brand အလိုက် ၊ Item အလိုက် UOM အလိုက် ထုတ်ကြည့်၍ ရပါသည်။

  • Actual Qty: Warehouse ထဲမှာ လက်ရှိ ရှိနေတဲ့ ကုန်ပစ္စည်းအရေအတွက်
  • Planned Qty: Work Order ထုတ်ထားပြီး Stock မထုတ်လုပ်သေးတဲ့ အရေအတွက်
  • Requested Qty: Material Request မှတဆင့် တောင်းထားတဲ့ အရေအတွက်
  • Ordered Qty: Purchase Order ပြုလုပ်ထားပြီး မရရှိသေးတဲ့ အရေအတွက်
  • Reserved Qty: Customer Sales Order မှတဆင့် မှာထားပြီး မပေးပို့သေးတဲ့ အရေအတွက်
  • Reserved Qty for Production: Work Order ထုတ်ပြီး Raw Materials ကို ထိန်းသိမ်းထားတဲ့ အရေအတွက်
  • Reserved Qty for Subcontracting: Subcontracting Purchase Order ထုတ်ပြီး Supplier Warehouse ကို ပေးပို့ရန် ထိန်းသိမ်းထားတဲ့ အရေအတွက်
  • Reserved Qty for Production Plan: Production Plan ထုတ်ပြီး Work Order အတွက် ထိန်းသိမ်းထားတဲ့ အရေအတွက်

Last updated 5 hours ago
Was this helpful?
Thanks!