to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Inventory Opening

အခြားသော software မှ ERP Next သို့ပြောင်းခြင်း (သို့) Manual စာရင်းမှ ERP Next သို့ပြောင်း ၍ အသုံးပြုပါက စတင်အသုံးပြုသည့်အချိန်တွင် ကုန်လက်ကျန်များအား Stock Entry ထဲမှ Opening ဖြင့်ထည့်သွင်းနိုင်ပါသည်။

ကုန်ပစ္စည်းများကို Opeing ထည့်လိုပါက

  • Stock >>> Stock Entry ကိုနှိပ်ပါ။
  • Add Stock Entry ကိုနှိပ်ပါ။

  • Stock Entry Type တွင် Opening Entry ကိုရွေးချယ်ပါ။

  • Edit Posting Date and Time တွင်အမှန်ခြစ်ထည့်၍ Opening ထည့်သွင်းမည့်ရက်အား Posting Date တွင် ရွေးချယ်ပါ။

  • Default Warehouse ကိုနှိပ်ပါ။
  • Default Target Warehouse တွင်ကုန်ပစ္စည်းထားမည့် Warehouse ကိုရွေးပါ။

Item ထည့်ရန်

  • Target Warehouse တွင် ရွေးထားသော Warehouse ကို ဖော်ပြပေးပါမည်။
  • Item Code တွင် Opening ထည့်လိုသောကုန်ပစ္စည်းကိုထည့်ပါ။
  • Qty တွင်ကုန်ပစ္စည်းအရေအတွက်ကိုထည့်ပါ။
  • Basic Rate တွင် ကုန်ပစ္စည်းတန်ဖိုးအားထည့်သွင်းပါ။

  • ကုန်ပစ္စည်းတန်ဖိုးအား Zero ဖြင့်ထည့်သွင်းလိုပါက ခဲတံပုံ Edit ကိုနှိပ်ပါ။
  • အောက်သို့အနည်းငယ်ဆွဲချပြီး Allow Zero Valuation Rate တွင်အမှန်ခြစ်ထည့်သွင်းပါ။
  • Serial No / Batch များသတ်မှတ်ထားခြင်းရှိပါက serial no (or) batch များအားရွေးချယ်နိုင်ပါသည်။
  • Different Account တွင် Temporary Opening Acc အားရွေးချယ်ပါ။

  • Accouting Dimensions ဘေးမှမျှားကိုနှိပ်၍ Cost Center ရွေးချယ်ပါ။

  • Edit ဝင်ထားသည့် Item detail ထဲမှပြန်ထွက်ရန်အတွက် အပေါ်ဘက်မှ Move ဘေးမှ များကိုနှိပ်ပါ။

*နောက်ထပ် Item များကို ထည့်လိုပါက Add Row ကိုနှိပ်၍ ထပ်မံထည့်သွင်းနိုင်ပါသည်။

  • Other Info ၏ More Information မှ မျှားကိုနှိပ်၍ Is Opening နေရာတွင် Yes ကိုရွေးချယ်ပါ။

  • အခြားသော စရိတ်များ ပေါင်းထည့်လိုပါက Additional cost တွင် ထည့်သွင်းနိုင်ပါသည်။

  • ထည့်သွင်းရမည့်အချက်အလက်များပြည့်စုံပါက Save > Submit ကိုနှိပ်၍ Yes ကိုနှိပ်ပါ။

ကုန်ပစ္စည်းများကိုကြည့်လိုပါက

  • Stock Ledger တွင်ထည့်သွင်းထားသည့် ကုန်ပစ္စည်းအဝင်များအား တွေ့မြင်ရမည်။

Last updated 4 hours ago
Was this helpful?
Thanks!