ကုန်ပစ္စည်းများကို Warehouse တစ်ခုမှ အခြားတစ်ခုသို့လွှဲပြောင်းပို့ဆောင်ရာတွင် ပထမဂိုထောင်မှ ကုန်ပစ္စည်းထွက်သွားသော်လည်း နောက်ဂိုထောင်တွင် လက်ခံရရှိခြင်းမရှိသေးပဲ လွှဲပြောင်းလိုက်သည့် အခြေအနေတစ်ခုတွင် ရောက်ရှိနေခြင်းကို Goods in Transit ဟုဆိုလိုပါသည်။
ERPNext တွင် Goods in Transit ကိုအောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။
ပထမဂိုထောင်မှထုတ်ပေးလိုက်သည့် ကုန်ပစ္စည်းစာရင်းအား ထည့်သွင်းရန် Stock ထဲမှ Stock Entry ကိုနှိပ်ပါ။
- Add Stock Entry ကိုနှိပ်ပါ။

-
Stock Entry Type တွင် Material Transfer ကိုရွေးချယ်ပါ။
-
Add to Transit ကိုအမှန်ခြစ်ပါ။
-
Posting Date တွင် ကုန်ပစ္စည်းထည့်ပေးလိုက်သည့်နေ့ကို ထည့်သွင်းပါ။

-
Default Source Warehouse တွင် ကုန်ပစ္စည်းထုတ်ပေးလိုက်သည့် Warehouse ကိုရွေးချယ်ပါ။
-
Default Target Warehouse တွင် ကြားခံ Warehouse တစ်ခုဖြစ်သည့် Goods in Transit ကို ရွေးချယ်ပါ။

-
Item Code တွင် လွှဲပြောင်းပေးလိုက်မည့် ကုန်ပစ္စည်းကိုရွေးချယ်ပါ၊
-
Qty တွင် လွှဲပေးလိုက်သည့် အရေအတွက်ကိုထည့်သွင်းပါ။

Stock Ledger တွင် ပြန်လည်စစ်ဆေးကြည့်ပါက...
- ကုန်ပစ္စည်းထုတ်ပေးလိုက်သည့် Store Warehouse တွင် ကုန်ပစ္စည်းအရေအတွက်လျော့သွားမည်ဖြစ်ပြီး၊ ကြားခံ Warehouse တစ်ခုဖြစ်သည့် Goods in Transit တွင် ကုန်ပစ္စည်း အရေအတွက်တိုးသွားကြောင်းတွေ့ရမည်။

Accounting Ledger တွင် စစ်ဆေးပါက...
-
Goods in Transit Warehouse Account တွင် တန်ဖိုးတိုးလာပြီး
-
Store Warehouse Account ဖြစ်သည့် Stock in Hand တွင် တန်ဖိုးလျော့နည်းသွားသည်ကိုတွေ့ရမည်။
-
ကြားခံ Warehouse ဖြစ်သည့် Goods in Transit မှ နောက်ဂိုထောင်တစ်ခုသို့ အမှန်တကယ်ရောက်ရှိသည့်အခါတွင် ...

- End Transit ကိုနှိပ်ပါ။

- Posting Date တွင် ရောက်ရှိသည့်နေ့ကိုထည့်သွင်းပါ။


- Default Target Warehouse တွင် လက်ခံရရှိသည့် Warehouse ကိုရွေးချယ်ပါ။

-
Qty တွင် အမှန်တကယ်လက်ခံရရှိသည့်အရေအတွက်ကိုထည့်သွင်းပါ။
-
Save and Submit ကိုနှိပ်ပါ။
Stock Ledger တွင်ပြန်လည်စစ်ဆေးကြည့်ပါက...

- ကြားခံ Warehouse ဖြစ်သည့် Goods in Transit တွင် အရေအတွက်လျော့နည်းပြီး၊ လက်ခံလိုက်သည့် Warehouse တွင် အရေအတွက်တိုးလာကြောင်းတွေ့ရမည်။
Accounting Ledger တွင် စစ်ဆေးကြည့်ပါက...

- လက်ခံလိုက်သည့် Warehouse Account တွင် တန်ဖိုးတိုးလာပြီး ကြားခံ Warehouse Account ဖြစ်သည့် Goods in Transit တွင် တန်ဖိုးလျော့နည်းသွားသည်ကိုတွေ့ရမည်။
ကြားခံ Account ဖြစ်သည့် Goods in Transit Account ကို စစ်ဆေးကြည့်ပါက...

- ပို့လိုက်သည့် ကုန်ပစ္စည်းတိုင်း လက်ခံရရှိထားသောကြောင့် Debit နှင့် Credit ညီပြီး Balance 0 ဖြစ်သွားကြောင်းတွေ့ရမည်။