Leave Type ဆိုသည်မှာ ဝန်ထမ်းများ Leave Application တင်သည့်အခါ အသုံးပြုနိုင်သော ခွင့်အမျိုးအစားများကို ဆိုလိုသည်။ ကုမ္ပဏီလိုအပ်ချက်အလိုက် ခွင့်အမျိုးအစားများစွာ ဖန်တီးနိုင်သည်။
ခွင့်အမျိုးအစား ထည့်ရန်အတွက်
HR Menu အောက်မှ Leaves သို့သွားပါ။

Setup အောက်မှ Leave Type ကို နှိပ်ပါ။

- Leave Type ဖန်တီးနည်း
- Leave Type List တွင် ထည့်သွင်းပြီးသည့် Leave Type များကို မြင်ရမည်ဖြစ်ပါသည်။
Leave Type အသစ်ထည့်ရန်အတွက် Add Leave Type ကိုနှိပ်ပါ။

- Leave Type Name ထည့်ပါ။
- Maximum Leave Allocation Allowed, Applicable After (Working Days), Maximum Consecutive Leaves Allowed (optional) ထည့်ပါ။
- အခြားလိုအပ်သော အချက်အလက်များကို အောက်တွင် ရှင်းပြထားသည့်အတိုင်း လိုအပ်သလို ထည့်သွင်းနိုင်ပါသည်။
- Save နှိပ်ပါ။
အဓိက Field များ
Maximum Leave Allocation Allowed per Leave Period – ခွင့်ကာလတစ်ခုအတွင်း ခွင့်အများဆုံးအရေအတွက်
Allow Leave Application After (Working Days) – ဝန်ထမ်း တက်ရောက်ပြီး အနည်းဆုံး အလုပ်လုပ်ရမည့်နေ့အရေအတွက်
Maximum Consecutive Leaves Allowed – တစ်ကြိမ်တည်း ဆက်တိုက်ယူနိုင်သည့် ခွင့်အများဆုံးနေ့
Is Carry Forward – ခွင့်ကျန်ရှိပါက နောက်ကာလသို့ ဆက်သွားနိုင်မည်
Is Leave Without Pay – ငွေမပေးသော ခွင့်အမျိုးအစား
Is Optional Leave – ကုမ္ပဏီက ထုတ်ပြန်ထားသည့် Holiday List ထဲမှ ဝန်ထမ်းရွေးချယ်နိုင်သည့် ခွင့်
Allow Negative Balance – ခွင့်ကျန်မရှိသော်လည်း ခွင့်တင်နိုင်သည်။
Allow Over Allocation – ခွင့်ကာလထက်ပို၍ ခွင့်ပေးနိုင်သည်။
Include holidays within leaves as leaves – ခွင့်ယူသည့်အတွင်း Holiday များကိုလည်း ခွင့်အဖြစ်တွက်မည်။
ဥပမာ = 1 ရက်နေ့မှ 10 ရက်နေ့အတွက် ခွင့်ယူထားပြီး 3,4 ရက်နေ့များသည် ပိတ်ရက်များဖြင့်ခဲ့လျှင် စုစုပေါင်း ၁၀ ရက်ဖြစ်မည်။
အမှန်မခြစ်ထားရင် ခွင့်ရက်၈ ရက်ဖြစ်မည်။
Is Compensatory – အချိန်ပိုလုပ်သည့်အတွက် ခွင့်ပေးခြင်း
Is Partially Paid Leaves – အချို့ငွေကြေးပေးသည့် ခွင့်အမျိုးအစား
- Features
2.1 Leave Encashment
• မအသုံးပြုထားသည့် ခွင့်များကို ငွေသားအဖြစ် လက်ခံနိုင်သည်။
• Allow Encashment ကို သတ်မှတ်ထားသည့် Leave Type များသာ ငွေသားပြန်လည်ရနိုင်သည်။
• Leave Period ၏ နောက်ဆုံးလတွင်သာ Encashment ခွင့်ပြုသည်။
2.2 Earned Leave
• ဝန်ထမ်း အချိန်တစ်ခုကြာ အလုပ်လုပ်ပြီးနောက် အလိုအလျောက် ခွင့်ရရှိမည်။
• Is Earned Leave ကို အမှန်ခြစ်ထားပါက Earned Leave Frequency အလိုက် ခွင့်များ ပေါင်းထည့်မည်။
2.3 Default Leave Types
• Leave Without Pay – ငွေမပေးသော ခွင့်
• Privilege Leave – မိသားစုအပန်းဖြေ စသဖြင့် အသုံးပြုနိုင်သော ခွင့်။
• Sick Leave – မကျန်းမာသည့်အခါ ၊ ဖျားနာသီအခါ အသုံးပြုနိုင်သောခွင့် ။
• Compensatory Off –အချိန်ပိုလုပ်သည့်အတွက် အစားထိုးခွင့်။
• Casual Leave – အရေးပေါ်အခြေအနေများအတွက်