Sales Invoice Create Delivery
ဆိုင်မှာ Customer မှပစ္စည်းဝယ်၊ ငွေတစ်ခါတည်းရှင်းပြီးမှ ပစ္စည်းတစ်ခါတည်းမယူသွားပါက Sales Invoice ထဲမှစာရင်းထည့်ပေးရပါမည်။
Home >> Selling >> Sales Invoice
- Add Sales Invoice ကိုနှိပ်ပါ။

- Customer ဝယ်သည့်ရက်ကို ပြောင်းရန်အတွက် Edit Posting Date and Time ကိုနှိပ်ပါ။
- Date တွင် Customer ဝယ်ယူသည့် ရက်ကိုထည့်ပါ။

- Customer မှပစ္စည်းတစ်ခါတည်း ယူသွားတာမဟုတ်သည့်အတွက် Update Stock တွင်အမှန်ခြစ်ဖြုတ်ပါ။

- Item Box တွင် Customer ဝယ်ယူသည့်ပစ္စည်းကိုထည့်ပါ။
- Qty တွင် ဝယ်ယူသည့်အရေအတွက်ကို ထည့်ပါ။
- နောက်ထပ်ပစ္စည်းထပ်ယူလျှင် Add Row ကိုနှိပ်ပါ။
- ဝယ်ယူသည့်ပစ္စည်းနှင့် အရေအတွက်ကိုထည့်ပါ။

- Customer မှငွေတစ်ခါတည်းရှင်းသွားတာ ဖြစ်သည့်အတွက် Payments ဘက်ကိုနှိပ်ပါ။
- Payments ဘေးနားရှိမျှားကိုနှိပ်ပါ။

- Customer မှငွေသားဖြင့်ရှင်းလျှင် Cash အကွက်တွင်ပြင်ဖို့မလိုပါ။
- ငွေသားဖြင့်မရှင်းဘဲ Kpay ဖြင့်ရှင်းပါက Cash အကွက်တွင် ဝင်နေသော Amount ကိုဖျက်ပါ။
- Kpay အကွက်တွင် ကျသင့်သည့် Amount ကိုရိုက်ထည့်ပါ။

- Save >> Submit >> Yes ကိုနှိပ်ပါ။

- Customer ဆီသို့ပစ္စည်းပို့ပါက Create ကိုနှိပ်ပါ။
- Delivery ကိုနှိပ်ပါ။

- Date တွင် Customer ဆီသို့ပစ္စည်းပို့လိုက်သည့် ရက်ကိုထည့်ပါ။

- Set Source Warehouse တွင် သက်ဆိုင်ရာ Warehouse ကိုထည့်ပါ။

- Delivery Note Item အကွက်တွင်ရှိသော Qty နေရာတွင် Customer ဆီသို့ပစ္စည်းပို့လိုက်သည့် အရေအတွက်ကို ပြင်ရိုက်ထည့်ပါ။

- Save >> Submit ကိုနှိပ်ပါ။

- Confirm Box ပေါ််လာပါက Yes ကိုနှိပ်ပါ။

Last updated 4 hours ago
Was this helpful?