Fiscal Year ဆိုသည်မှာ လုပ်ငန်းတစ်ခုလုံး၏ စာရင်းကို ပြုစုလိုသော နှစ်ကို သတ်မှတ်ခြင့်း ဖြစ်ပါသည်။
-
ဘဏ္ဍာရေးနှစ်ကို တစ်နှစ်တာအတွက် ငွေပေးငွေယူများကို မှတ်တမ်းတင်ပြီး အစီရင်ခံရန် အတွက် အသုံးပြုသည်။
-
Fiscal Year ဆိုသည်မှာ လုပ်ငန်းတွင်အသုံးပြုသော ဘဏ္ဍာရေးနှစ်, လုပ်ငန်း၏ စာရင်းရှင်းတမ်းအတွက် အသုံးပြုမည့် Financial Year ကိုဆိုလိုခြင်းဖြစ်ပါသည်။
-
Fiscal Year ကို Financial Year ဘဏ္ဍာရေးနှစ် သို့မဟုတ် Budget Year ဘတ်ဂျက်နှစ်ဟုလည်း လူသိများသည်။ ၎င်းကို စီးပွားရေးလုပ်ငန်းများနှင့် အခြားအဖွဲ့အစည်းများတွင် Balance Sheet ဘဏ္ဍာရေးရှင်းတမ်းများကို တွက်ချက်ရန်အတွက် အသုံးပြုသည်။ ဘဏ္ဍာရေးနှစ်သည် ပြက္ခဒိန်နှစ်နှင့် အတူတူဖြစ်နိုင်သကဲ့သို့ မတူနိုင်ခြင်းလည်းရှိပါသည်။
-
ဘဏ္ဍာရေးနှစ်သည် ပုံမှန်အားဖြင့် ဧပြီလ ၁ ရက်၊ ဇူလိုင်လ ၁ ရက် သို့မဟုတ် အောက်တိုဘာလ ၁ ရက်ကဲ့သို့သော သုံးလပတ်အစတွင် စတင်လေ့ရှိသည်။
-
သို့သော် တချို့သောလုပ်ငန်းတွင် ဘဏ္ဍာရေးနှစ်သည် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တတ်သောကြောင့် ပြက္ခဒိန်နှစ်နှင့်လည်း တူနေတတ်ပါသည်။
-
ဥပမာအားဖြင့် ရာသီအလိုက် စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ ဘဏ္ဍာရေးနှစ်ကို ဇူလိုင်လ ၁ ရက် သို့မဟုတ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်နိုင်သည်။ ဆောင်းဦးရာသီတွင် ဝင်ငွေအများစုရှိပြီး နွေဦးရာသီတွင် အသုံးစရိတ်အများစုရှိသော စီးပွားရေးလုပ်ငန်းတစ်ခုသည် ၎င်း၏ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ရန် ရွေးချယ်နိုင်သည်။ ထိုနည်းအားဖြင့် ၎င်းတို့သည် ထိုနှစ်အတွက် ၎င်းတို့၏ဝင်ငွေမည်မျှရှိမည်ကို သိရှိပြီး ၎င်းတို့လိုချင်သော အမြတ်အစွန်းကို ထိန်းသိမ်းရန် ၎င်းတို့၏ အသုံးစရိတ်မျာxzကို ချိန်ညှိနိုင်သည်။
-
Desktop မှ Accounting ကိုနှိပ်ပါ။

-
Invoicing ကိုနှိပ်ပါ။

-
Report & Masters အောက်ရှိ Fiscal Year ကိုနှိပ်ပါ။

-
Add Fiscal Year ကိုနှိပ်ပါ။

-
Year Name တွင် ပေးလိုသော မည်ကို ရိုက်ထည့်ပါ။ ဥပမာ - 2025-2026
-
Year Start Date တွင် ဘဏ္ဍာရေးနှစ် အစရက်ကို ရွေးပါ။ ဘဏ္ဍာရေးနှစ် သည် နိုင်ငံပေါ်တည်၍ ပြောင်းလဲနိုင်သကဲ့သို့ လုပ်ငန်းအမျိုအစားပေါ်မူတည်၍လည်း ပြောင်းလဲနိုင်ပါသည်။ 01-01-2025, 01-07-2025, 1-10-2025
-
Year End Date တွင် ဘဏ္ဍာရေးနှစ်၏ နောက်ဆုံးရက်ကို ရွေးပါ။ 31-12-2025,
-
Companies ရှိ Add Row ကိုနှိပ်ပါ။
-
Company တွင် လုပ်ငန်းအတွက်သတ်မှတ်ထားသော အမည်ကို ရွေးပါ။
-
Save ကိုနှိပ်ပါ။
မှတ်ချက် -
လုပ်ငန်းအမည် (၃) ခုခွဲပေးထားပါက အဆိုပါလုပ်ငန်းအမည် (၃)ခုစလုံး Fiscal Year တွင် Add Row ကိုနှိပ်၍ ထည့်သွင်းပေးရပါမည်။
-
လက်ရှိဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ သုံးရက်အလိုတွင် စနစ်သည် လာမည့်နှစ်အတွက် ဘဏ္ဍာရေးနှစ်အသစ် ဖန်တီးပြီးပြီလားဆိုသည်ကို စစ်ဆေးသည်။ မဖန်တီးရသေးပါက စနစ်သည် ဘဏ္ဍာရေးနှစ်အသစ်ကို အလိုအလျောက် ဖန်တီးပေးပါသည်။
တည်ဆောက်ထားသော Company အမည်နှင့် ဝင်နည်း
- Logo ကိုတစ်ချက်နှိပ်ပါ။
- Session Defaults ကိုနှိပ်ပါ။

- Company အမည်ကို ရွေးပါ။
- Save ကိုနှိပ်ပါ။

Fiscal Year ကို Disable ပြုလုပ်နည်း
- Fiscal Year List ထဲသို့ဝင်ပါ။
- Disable ပြုလုပ်လိုသော Fiscal Year ကိုတစ်ချက်နှိပ်ပါ။
- Disable ကို အမှန်ခြစ်ပါ။
- Save ကိုနှိပ်ပါ။