Request for Quotation
-
Request for Quotation (ကုန်ပစ္စည်းဈေးနှုန်းတောင်းခံခြင်း)
-
Material Request List ထဲသို့ဝင်ပါ။
-
Status တွင် Pending နှင့် ပြနေသော Record ကို တစ်ချက်နှိပ်ပါ။
-
Create မှ Request for Quotation ကိုနှိပ်ပါ။
-
Date ကိုရွေးပါ။
-
Supplier ကိုရွေးရန်အတွက် Add Row ကိုနှိပ်ပါ။
-
Supplier ကိုရွေးပါ။ Supplier တစ်ဦးထက်မက ရွေးလိုလျှင် Add Row ကိုနှိပ်၍ ထည့်ပါ။
-
Item Table တွင် Material Request မှတင်လိုက်သော အချက်အလက်များအတိုင်းဖော်ပြပေးပါမည်။ တချို့သော Item များကို Quotation တောင်းခံခြင်းမပြုလိုပါက Item Row ကို အမှန်ခြစ်၍ Delete Row ပြုလုပ်ပါ။
-
Qty တိုးလျော့ ပြုလုပ်လိုပါက ပြုလုပ်နိုင်ပါသည်။
-
Warehouse ကို ရွေးပါ။
-
Save ကိုနှိပ်ပါ။ Status တွင် Draft နှင့် ပြပေးပါမည်။ ပြင်လိုပါက ပြင်၍ Save လုပ်ပါ။
-
အချက်အလက်များအားလုံး ပြည့်စုံမှန်ကန်လျှင် Submit, Yes ကိုနှိပ်ပါ။
-
Status တွင် Submitted နှင့် ပြပေးပါမည်။
-
Supplier Quotation Comparison တွင် ကြည့်နိုင်ပါသည်။ Transaction မဆင်းပါ။