to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Auto Repeat

လုပ်ငန်းတွင် ကြိုတင်ပေးထားသော အသုံးစရိတ်များကို လကုန်တိုင်း Manual မထည့်ပဲ တစ်လတစ်ခါ Auto ကျချင်ပါက Auto Repeat ကနေထည့်သွင်းလို့ရပါသည်။

Journal Entry ကိုသွားပါ။

Auto Repeat လုပ်မည့် အစောင်ထဲကိုဝင်ပါ။

အစက် 3 စက်ကို နှိပ်ပါ။

Repeat ကို နှိပ်ပါ။

Frequency တွင် မိမိ Auto Repeat ချလိုသော ပုံစံကို ရွေးပါ။(လတိုင်း Expense ချလိုပါက Monthly ကိုရွေးချယ်ပါ။)

Start Date တွင် Today ကိုရွေးချယ်ပါ။( Auto Repeat တွင် Back Date ကို ခွင့်မပြုပေးသည့်အတွက်ကြောင့် Back Date ဖြစ်သော နေ့ရက်များကို Journal Entry ကနေ Manual ရိုက်ပေးရမည် ဖြစ်ပါသည်။ )

End Date တွင် တကယ်ကုန်ဆုံးမည့် ရက်ကိုထည့်ပေးရပါမည်။

Save ကို နှိပ်ပါ။

ထို့နောက် ထည့်သွင်းထားသော Journal Entry ၏အောက်ဘက်တွင်ရှိသော Subscription Section တွင် ချိတ်ဆက်ထားသည့် Auto Repeat ထဲကိုဝင်ပါ။

ထို့နောက် Auto Repeat Schedule တွင် Auto ဆင်းလိုသော Date များကိုအောက်ပါအတိုင်းတွေ့ရပါမည်။

Journal ဆင်းသည့်အချိန်တွင် Submit အနေဖြင့်တစ်ခါတည်း ထည့်သွင်းလိုပါက Submit on Creation တွင်အမှန်ခြစ်ထည့်သွင်းနိုင်ပါသည်။

လကုန်သည့်နောက်ဆုံးရက်တွင် Journal ဆင်းမည်ဟု သတ်မှတ်လိုပါက Schedule Tab အောက်တွင်ရှိသော Repeat on Last Day of the Month တွင်အမှန်ခြစ်ထည့်ရပါမည်။

ထို့နောက် Save ကိုနှိပ်ပါ။

Last updated 4 hours ago
Was this helpful?
Thanks!