Retail Fixed Assets
Retail Package အသုံးပြုသော customer များအတွက် Fixed Assests စာရင်းထည့်သွင်းနည်း
Home > Journal Entry > Add Journal Entry ကိုနှိပ်ပါ။
- Posting Date တွင် fixed assets ဝယ်ယူသည့်ရက်အားထည့်သွင်းပါ။


- Account တွင် fixed assets ဝယ်ယူသည့် Account နှင့် Cash Account အားရွေးချယ်ပါ။
- fixed assets account ၏ Debit တွင် fixed assets ဝယ်ယူသည့်ပမာဏအားထည့်သွင်းပါ။
- Cash စာရင်း၏ Credit တွင် ငွေထုတ်ပေးသည့်ပမာဏအားထည့်သွင်းပါ။
- Save /Submit နှိပ်ပါ။
Viewကိုနှိပ်၍ Ledger စစ်ဆေးပါ။
Ledger ၏ Cash တွင် ငွေထွက်၍ Fixed Assets တွင် ပစ္စည်းတန်ဖိုးတိုးလာကြောင်းတွေ့မြင်ရမည်။


###Fixed Assets Depreciation စာရင်းထည့်သွင်းရန်အတွက်
Home > Journal Entry > Add Journal Entry ကိုနှိပ်ပါ။
Depreciation စာရင်းထည့်သွင်းမည့်ရက်အားရွေးချယ်ပါ။
- Accumulated depreciation account နှင့် Depreciation Account အား Account တွင်ရွေးချယ်ပါ။
- Accumulated Depreciation Account ၏ credit တွင် တန်ဖိုးလျော့ချမည့်ပမာဏအားထည့်သွင်းပါ။ -Depreciation account ၏ Debit တွင် တန်ဖိုးလျော့ချသည့်စရိတ် တန်ဖိုးအားထည့်သွင်းပါ။
- Save/Submit နှိပ်ပါ။
View ကိုနှိပ်၍ Account Ledger စစ်ဆေးပါ။
ထည့်သွင်းထားသည့် ledger စာရင်းအားတွေ့မြင်ရမည်။
###Depreciation လတိုင်းချမည်ဆိုပါက auto depreciation ချရန်အတွက်
Search တွင် Auto repeat > Add auto repeat ကိုနှိပ်ပါ။
Reference Document Type တွင် Journal Entry ရွေးချယ်ပါ။
Reference Document တွင် ပထမဆုံး depreciation ရိုက်ထားသည့် journal စာရင်း အားရွေးချယ်ပါ။
Start Date တွင် တန်ဖိုးစတင်လျော့ချသည့်ရက်အားရွေးချယ်ပါ။
End Date တွင် တန်ဖိုးလျော့ချမည့် နောက်ဆုံးလအားရွေးချယ်ပါ။
Frequency တွင် လတိုင်း Depreciation ချမည်ဆိုပါက Monthly ရွေးချယ်ပါ။
Repeat on last day of the month အားရွေးချယ်ပါ။
Save နှိပ်ပါ။
Save နှိပ်ပြီးပါက Next Schedule Date တွင် နောက်ထပ် Depreciationရိုက်ရမည့်ရက်အားတွေ့မြင်ရမည်။