to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Loyalty Program

Loyalty Member ဆိုသည်မှာ Customer များအား Point System အသုံးပြုရန်တွက် ပြုလုပ်ထားသော Program တစ်ခုဖြစ်ပါသည်။

Loyalty Program

  • Single Tier Program (တစ်ခုဝယ် တစ်ပွိုင့်)

    • Level မခွဲဘဲ ဝယ်ယူသော ပမာဏပေါ်မူတည်၍ ပွိုင့်ပေးမည့် စနစ်ဖြစ်ပါသည်။
  • Multiple Tier Program (Level အလိုက် ပွိုင့်ပေးခြင်း) ဟူ၍ (၂)မျိုးရှိပါသည်။

    • Level အလိုက်ခွဲထားခြင်းများရှိပါသည်။ ဥပမာ - 10000 ဖိုးဝယ်လျှင် ပွိုင့်မည်မျှပေးမည်။ 50000 ဖိုး ဝယ်လျှင် ပွိုင့် မည်မျှပေးမည့် တို့ကို သတ်မှတ်သော စနစ်ဖြစ်ပါသည်။

Single Tier Program

  • Royalty Program List ထဲသို့ဝင်ပါ။
  • Add Loyalty Program ကိုနှိပ်ပါ။
  • Loyalty Program Name ကိုရိုက်ထည့်ပါ။
  • Loyalty Program Type တွင် Single Tier Program ကိုရွေးပါ။
  • From Date တွင် Sales Invoice စတင်မည့်ရက်ကိုရွေးပါ။
  • To Date တွင်ရွေးသော ရက်စွဲမှာ နောက်ဆုံးသက်ရောက်မှု ရှိမည့် ရက်စွဲဖြစ်ပါသည်။
  • Customer Group ကိုရွေး၍ ရပါမည်။
  • Customer Territory ကိုရွေးပါ။
  • Auto Opt in (For all customers) ကို အမှန်ခြစ်လျှင် သတ်မှတ်ထားသော Customer Group တစ်ခုလုံးအတွက် သက်ရောက်ပါမည်။
  • Collection Rules Table ရှိ Edit ကိုနှိပ်ပါ။
  • Tier Name ကိုရိုက်ထည့်ပါ။
  • Collection Factor တွင် တစ်ပွိုင့်ပေးလိုသော ငွေပမာဏကို ရိုက်ထည့်ရန် ဖြစ်ပါသည်။ ဥပမာ = 10000 သုံးလျှင် (၁) ပွိုင့် ရမည့်ဆိုပါက ၁၀၀၀၀ ကို ရိုက်ထည့်ရန် ဖြစ်ပါသည်။
  • Minimum Total Spent တွင် အနည်းဆုံးဝယ်ယူရမည့် ငွေပမာဏကို သတ်မှတ်လိုပါက သတ်မှတ်ရန်အတွက် ဖြစ်ပါသည်။
  • လွတ်နေသော နေရာတွင် တစ်ချက်နှိပ်ပါ။
  • Redemption ရှိ Conversion Factor တွင် တစ်ပွိုင့်လျှင် ငွေပမာဏ မည်မျှနှင့် Discount လျော့ပေးလိုသည်ကို ပမာဏ သတ်မှတ်ပေးရန် ဖြစ်ပါသည်။
  • Expiry Duration (in days) ဆိုသည်မှာ သက်တမ်းကုန်ဆုံးမည့် ရက်စုစုပေါင်းကို သတ်မှတ်ပေးရန် ဖြစ်ပါသည်။
  • Expense Account တွင် Discount Allowed ပေးမည့် GL ကိုထည့်ပေးရမည်။
  • Cost Center သတ်မှတ်ပေးရမည်။
  • Save ကိုနှိပ်ပါ။

Multiple Tier Program

  • Add Loyalty Program ကိုနှိပ်ပါ။
  • Loyalty Program Name ကိုရိုက်ထည့်ပါ။
  • Loyalty Program Type တွင် Multiple Tier Program ကိုရွေးပါ။
  • From Date တွင် Sales Invoice စတင်မည့်ရက်ကိုရွေးပါ။
  • To Date တွင်ရွေးသော ရက်စွဲမှာ နောက်ဆုံးသက်ရောက်မှု ရှိမည့် ရက်စွဲဖြစ်ပါသည်။
  • Customer Group ကိုရွေး၍ ရပါမည်။
  • Customer Territory ကိုရွေးပါ။
  • Auto Opt in (For all customers) ကို အမှန်ခြစ်လျှင် သတ်မှတ်ထားသော Customer Group တစ်ခုလုံးအတွက် သက်ရောက်ပါမည်။
  • Collection Rules Table ရှိ Edit ကိုနှိပ်ပါ။
  • Tier Name ကိုရိုက်ထည့်ပါ။
  • Collection Factor တွင် တစ်ပွိုင့်ပေးလိုသော ငွေပမာဏကို ရိုက်ထည့်ရန် ဖြစ်ပါသည်။ ဥပမာ = 10000 သုံးလျှင် (၁) ပွိုင့် ရမည့်ဆိုပါက ၁၀၀၀၀ ကို ရိုက်ထည့်ရန် ဖြစ်ပါသည်။
  • Minimum Total Spent တွင် အနည်းဆုံးဝယ်ယူရမည့် ငွေပမာဏကို သတ်မှတ်လိုပါက သတ်မှတ်ရန်အတွက် ဖြစ်ပါသည်။
  • လွတ်နေသော နေရာတွင် တစ်ချက်နှိပ်ပါ။
  • Collection Tier တွင် Add Row ကိုနှိပ်၍ နောက်ထပ် သတ်မှတ်လိုသော Rules ကိုထည့်နိုင်ပါသည်။
  • Redemption ရှိ Conversion Factor တွင် တစ်ပွိုင့်လျှင် ငွေပမာဏ မည်မျှနှင့် Discount လျော့ပေးလိုသည်ကို ပမာဏ သတ်မှတ်ပေးရန် ဖြစ်ပါသည်။
  • Expiry Duration (in days) ဆိုသည်မှာ သက်တမ်းကုန်ဆုံးမည့် ရက်စုစုပေါင်းကို သတ်မှတ်ပေးရန် ဖြစ်ပါသည်။
  • Expense Account တွင် Discount Allowed ပေးမည့် GL ကိုထည့်ပေးရမည်။
  • Cost Center သတ်မှတ်ပေးရမည်။
  • Save ကိုနှိပ်ပါ။

Customer သိမ်းနည်း

  • Customer ၏ အချက်အလက်ကို သိမ်းလျှင် Accounting Tab ကိုနှိပ်ပါ။
  • Loyalty Points ကိုနှိပ်ပါ။
  • Loyalty Program တွင် Point စနစ်ကို ရွေးပါ။
  • Save ကိုနှိပ်ပါ။

Sales Invoice ဘောင်ချာရိုက်နည်း

  • Sales Invoice ကို Save, Submit, Yes ပြုလုပ်ပါ။ Loyalty Point Entry List
  • Loyalty Point မည်မျှ ရသည်ကို စစ်ဆေးရန် ဖြစ်ပါသည်။
  • Customer အမည်ကိုရိုက်ထည့်၍ ရှာပါ။
  • မှတ်ချက် = Loyalty Program တွင် To Date မသတ်မှတ်ဘဲ Expiry Duration (in days) ရက်သတ်မှတ်ခဲ့ပါက သတ်မှတ်ထားသော ရက်အတိုင်း Expire Date ကို Loyalty Point Entry တွင် ဖော်ပြပေးပါမည်။
  • အကယ်၍ To Date, Expiry Duration (in days) နှစ်ခုစလုံးမသတ်မှတ်လျှင် Sales Invoice ရက်စွဲနှင့် Expire ဖြစ်ပါမည်။

Sales Invoice တွင် Point နှင့် ငွေရှင်းနည်း

  • Sales Invoice ဘောင်ချာကို ရိုက်ပါ။
  • Payments tab ကိုနှိပ်ပါ။
  • Loyalty Points Redemption ကိုနှိပ်ပါ။
  • Redeem Loyalty Points ကိုအမှန်ခြစ်ပါ။
  • Loyalty Points ကိုရိုက်ထည့်ပါ။
  • ရိုက်ထည့်သော Point နှင့် တန်ဖိုးညီမျှသော Loyalty Amount ကိုဖော်ပြပေးပါမည်။
  • Save, Submit, Yes ကိုနှိပ်ပါ။
  • Sales တွင် Credit, Discount Allow တွင် Debit နှင့် Transaction ဆင်းပါမည်။

Loyalty Point Entry

  • Customer များ၏ Loyalty Point မည်မျှရသည်ကို ကြည့်လိုလျှင် Loyalty Point Entry List ထဲတွင် ကြည့်ရပါသည်။

Requirement

  • Sales Invoice တွင် Customer ကို‌ရွေးလိုက်လျှင် Point မည်မျှ ရှိသည်ကို ဖော်ပြပေးရန်။
  • Point များအတွက် ငွေသား ထုတ်ပေး/ မပေး။
Last updated 5 hours ago
Was this helpful?
Thanks!