BOM (Bill of Materials) ဆိုတာ Finished Product တစ်ခုထုတ်လုပ်ဖို့ လိုအပ်တဲ့ Raw Material, Quantity နဲ့ ထွက်ရှိနိုင်တဲ့ Scrap တွေကို သတ်မှတ်ထားတဲ့စာရင်း ဖြစ်ပါတယ်။
ဥပမာ — Finished Product 100 Pcs ထုတ်လုပ်ရာမှာ Raw Material ဘယ်လောက်သုံးမလဲ၊ Scrap ဘယ်လောက်ထွက်မလဲဆိုတာ BOM မှာ သတ်မှတ်နိုင်ပါတယ်။
အဆင့် (၁) — BOM အသစ်ဖွင့်ရန်
Search Bar မှာ BOM လို့ရှာပြီး New ကိုနှိပ်ပါ။


အဆင့် (၂) — Finished Product ရွေးရန်
Item နေရာမှာ ထုတ်လုပ်မယ့် Finished Product ကို ရွေးပါ။
ဥပမာ — Finished Product A
Quantity မှာ ဒီ BOM တစ်ခုအတွက် ထုတ်လုပ်မယ့် Quantity ကို ထည့်ပါ။
ဥပမာ — 100 Pcs

အဆင့် (၃) — Raw Material ထည့်ရန်
Items Table မှာ Production အတွက် အသုံးပြုမယ့် Raw Material တွေကို ထည့်ပါ။
ဥပမာ —
- Raw Material A — 50 Kg
- Packing Bag — 100 Pcs

Item တစ်ခုချင်းစီရဲ့ Qty နဲ့ UOM မှန်ကန်မှုရှိမရှိ စစ်ပေးပါ။
အဆင့် (၄) — Scrap Item ထည့်ရန်
Production လုပ်တဲ့အချိန် Scrap ထွက်ရှိမယ်ဆိုရင် Scrap Items Section မှာ ထည့်ပေးပါ။
ဥပမာ —
Finished Product = 100 Pcs
Scrap Item = Waste Material
Scrap Qty = 5 Kg


Scrap Item ကို Item Master မှာ အရင်ဖွင့်ထားရန် လိုပါတယ်။
Scrap မထွက်တဲ့ Production ဖြစ်ရင် Scrap Items မှာ မထည့်လည်းရပါတယ်။
အဆင့် (၆) — Save နှင့် Submit လုပ်ရန်
Finished Product, Raw Material, Quantity နဲ့ Scrap Quantity တွေကို ပြန်လည်စစ်ဆေးပြီး Save လုပ်ပါ။
အချက်အလက်အားလုံး မှန်ကန်ပါက Submit လုပ်ပါ။
Submit ပြီးရင် ဒီ BOM ကို Work Order / Manufacturing Transaction တွေမှာ အသုံးပြုနိုင်ပါပြီ။
မှတ်ချက်
BOM ထဲမှာ ထည့်ထားတဲ့ Scrap Qty က ပုံမှန်အားဖြင့် ထွက်ရှိမယ့် Scrap ပမာဏ ဖြစ်ပါတယ်။ Production အမှန်တကယ်လုပ်တဲ့အချိန် Scrap ပမာဏက BOM ထဲက သတ်မှတ်ထားတာနဲ့ မတူနိုင်ရင် Real Production Process တွင်ပြန်လည်ပြင်ဆင်နိုင်ပါသည်။