to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Share Investment

ERPNext တွင် ရှယ်ယာရှင်မှတ်တမ်း၊ ရှယ်ယာရှင်များပိုင်ဆိုင်သည့် အစုရှယ်ယာများနှင့် ထည့်ဝင်ရမည့်ငွေ၊ ထည့်ဝင်ပြီးငွေများအား စာရင်းရေးသွင်းနိုင်ပါသည်။

Shareholder Registration

ပထမဦးစွာရှယ်ယာရှင်မှတ်တမ်းရေးသွင်းရန်အတွက် Accounting အောက်မှ Share Management သို့သွားပါ။

Shareholder Listing

  • ရှယ်ယာရှင်မှတ်တမ်းသွင်းရန်အတွက် Shareholder ကိုရွေးချယ်ပါ။
  • ထည့်သွင်းထားသည့် ရှယ်ယာရှင်မှတ်တမ်းများရှိပါက List တွင် တွေ့ရမည်ဖြစ်ပါသည်။
  • ရှယ်ယာရှင်အသစ်ထည့်သွင်းရန်အတွက် Add Shareholder ကို နှိပ်ပါ။

  • လိုအပ်သောအချက်အလက်များထည့်သွင်းပါ။ Save ကို နှိပ်ပါ။
  • လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းကို ထည့်သွင်းလိုပါက Add Contact and Add Address မှ ထည့်သွင်းနိုင်ပါသည်။

Share Transfer

  • Shareholder များသတ်မှတ်ပြီးပါက Investment လုပ်ရန် Share Transfer များပြုလုပ်နိုင်ပါသည်။
  • Share Transfer ပြုလုပ်လိုပါက
  • Share ထည့်ရန် Share Transfer ဘေးမှ + ကိုနှိပ်ပါ။

  • Transfer Type တွင် Issue ရွေးပါ။ Date ထည့်ပါ။
  • ရင်းနှီးမှုမြှုပ်နှံမည်ဖြစ်သောကြောင့် Capital Account ကိုရွေးပေးပါ။
  • Share Type, No. of Shares, From No, To No ထည့်ပါ။
  • Rate တွင် Share တစ်စောင်၏ပမာဏကိုထည့်ပါ။
  • Save and Submit ကို နှိပ်ပါ။

  • ငွေလက်ခံရန်အတွက် Create Journal Entry ကိုနှိပ်ပါ။
  • ငွေလက်ခံသည်ရက်စွဲထည့်ပါ။
  • Save and Submit လုပ်ပါ။
  • ထည့်သွင်းထားသည့်အရာများကို ပြန်စစ်ရန်အတွက်

  • Accounting မှ Balance Sheet ကို ရွေးပါ။
  • ထည့်သွင်းထားသည့် Capital Stock ကို တွေ့မြင်ရပါမည်။

  • Share Ledger တွင်ကြည့်ပါက Rate တွင် Investment လုပ်ထားသောပမာဏကိုတွေ့ရမည် ဖြစ်သည်။

Last updated 5 hours ago
Was this helpful?
Thanks!