to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Stock Entry Manufacture

ပစ္စည်းများထုတ်လုပ်ပြီးသောကြောင့်ထွက်ရှိလာသော ပစ္စည်းများ၏ စာရင်းထည့်သွင်းရန်အတွက် နည်းလမ်း(၂)မျိုးအား ERPNext တွင်ထည့်သွင်းနိုင်ပါသည်။

  1. Work Order မှတစ်ဆင့် Manufacturing ထည့်သွင်းနည်း
  2. Stock Entry မှတိုက်ရိုက် Manufacturing ထည့်သွင်းနည်း
  1. Work Order မှတစ်ဆင့် Manufacturing ထည့်သွင်းနည်း

ပစ္စည်းများထုတ်လုပ်ရန်အတွက် ထုတ်လုပ်ရမည့်အရေအတွက်အား Work Order ချထားပြီး ပစ္စည်းထွက်ရှိလာပါက ထွက်ရှိလာသော ပစ္စည်းများအား Work order မှတစ်ဆင့် Stock အဝင်ထည့်သွင်းနိုင်ပါသည်။

ထွက်ရှိလာသည့်ပစ္စည်းစာရင်းအားထည့်သွင်းရန်အတွက်

Home > Manufacturing > Work Order ကိုနှိပ်ပါ။

  • Work order Form မှ Finish ကိုနှိပ်ပါ။

  • Qty to manufacturing တွင် ပစ္စည်းထွက်ရှိလာသည့်အရေအတွက်အားထည့်သွင်းပါ။

  • Create ကိုနှိပ်ပါ။

  • Edit Posting Date & Time တွင်အမှန်ခြစ်ထည့်၍ ထုတ်လုပ်သည့်ရက်/အချိန်များအား ပြင်ဆင်လိုပါက ပြင်ဆင်ပါ။

  • အသုံးပြုသည့်အရေအတွက်များအားပြင်ဆင်လိုပါက item ဇယားတွင်ပြင်ဆင်နိုင်ပါသည်။

  • Update Rate & Available ကိုနှိပ်ပါ။

  • Additional Cost တွင် ထုတ်လုပ်မှုအတွက်ကုန်ကျစရိတ်များအားလည်း ထုတ်လုပ်သည့်ပစ္စည်း၏ စရိတ်တွင်ကျခံလိုပါက Additional Cost တွင်ထည့်သွင်းပေးရပါမည်။

  • Add Row ကိုနှိပ်ပါ။

  • Expenses Account တွင် စရိတ်ကျခံမည့် Account အားရွေးချယ်ပါ။

  • Amount တွင် ကျခံမည့် amount အားထည့်သွင်းပါ။

  • Save > Submit နှိပ်ပါ။

  • ထည့်သွင်းလိုက်သော Manufacturing အား Stock Entry List တွင်တွေ့မြင်ရပါမည်။

  • Manufacturing ထည့်သွင်းလိုက်သည့်အတွက် ထုတ်လုပ်သည့်ပစ္စည်းတွင် stock တိုး၍ ထုတ်လုပ်ရန်အတွက် အသုံးပြုလိုက်သော stock များတွင် ကုန်ပစ္စည်းလျော့သွားကြောင်းအားလည်း stock ledger များတွင်စစ်ဆေးနိုင်ပါသည်။

  1. Stock Entry မှတိုက်ရိုက် Manufacturing ထည့်သွင်းနည်:

Last updated 4 hours ago
Was this helpful?
Thanks!