to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Payment Entry

ပြေစာများအတွက် ငွေပေးချေမှုများအားပြုလုပ်ရန် Payment Entry Form အားအသုံးပြုနိုင်သည်။

Payment Entry တွင် အောက်ဖော်ပြပါ transaction များအတွက် အသုံးပြုနိုင်သည်။

  • Sales Invoice
  • Purchase Invoice
  • Sales Order (Advance Payment)
  • Purchase Order (Advance Payment)
  • Expense Claim
  • Internal Transfer

Payment Entry ထည့်သွင်းနိုင်သည့် နည်းလမ်းများ

  1. Invoice မှတစ်ဆင့်ငွေပေးချေခြင်း
  2. တစ်စောင်ထက်ပိုသော Invoice များအတွက် ငွေချေခြင်း
  3. ငွေကြိုတင်ရရှိထည့်သွင်းခြင်း
  4. ငွေလွှဲပြောင်းခြင်း
  5. ငွေလက်ခံသည့်အချိန်တွင် dis လျော့ပေးခြင်း

များအားထည့်သွင်းနိုင်သည့်ပုံစံများဖြင့် ပြသပေးမည်ဖြစ်ပါသည်။

Payent Entry ထည့်သွင်းရန်အတွက်

Accounting > Accounts Receivable / Payable > Payment Entry

1)Invoice မှတစ်ဆင့်ငွေပေးချေခြင်း

Sales Invoice (or) Purchase မှ ငွေကျန်နေသော Invoice အား ငွေလက်ခံခြင်း(သို့)ငွေပေးချေခြင်းပြုလုပ်လိုပါက

  • သက်ဆိုင်ရာ ငွေချေမည့် Sales Invoice (or) Purchase Invoice အား နှိပ်ပါ။
  • Create > Payment နှိပ်ပါ။

Screenshot 2024-05-03 162941

  • Posting Date တွင် ငွေလက်ခံသည့် ရက်(သို့) ငွေပေးချေသည့်ရက် အားရွေးချယ်ပါ။
  • Mode of payment တွင် ငွေလက်ခံ(သို့)ငွေပေးချေသည့် ငွေစာရင်း/ဘဏ်စာရင်းအား ရွေးချယ်ပါ။

  • Paid Amount တွင် ငွေလက်ခံ(သို့)ငွေပေးချေရမည့် ငွေပမာဏအားတွေ့မြင်ရမည်။
  • ငွေလက်ခံသည့် ပမာဏ(သို့) ငွေပေးချေသည့် ပမာဏအား ပြောင်းလဲလိုပါက Paid Amount တွင် ပြောင်းလဲရိုက်ထည့်နိုင်သည်။

  • ငွေလက်ခံသည့် ဘောင်ချာ (သို့) ငွေပေးချေသည့် ဘောင်ချာ အားတွေ့မြင်ရမည်။

  • ဘဏ်မှ ငွေရရှိခြင်း (သို့) ငွေပေးချေခြင်းဖြစ်ပါက Cheque/Reference No နှင့် Cheque/Reference Date တွင် ထည့်သွင်းရမည်။

  • Save > Submit ကိုနှိပ်ပါ။

  • ငွေလက်ခံထားသည့် ဘောင်ချာ(သို့) ငွေပေးချေထားသည့် ဘောင်ချာ တွင် ငွေကျေသွားကြောင်းတွေ့မြင်ရပါမည်။

2)တစ်စောင်ထက်ပိုသော Invoice များအတွက် ငွေချေခြင်း

  • Add Payment Entry နှိပ်ပါ။

  • Payment Type တွင် ငွေလက်ခံခြင်းဖြစ်ပါက Receive (သို့) ငွေပေးချေခြင်းဖြစ်ပါက Pay အားရွေးချယ်ပါ။

  • Posting Date တွင် ငွေလက်ခံသည့် ရက်(သို့) ငွေပေးချေသည့်ရက် အားရွေးချယ်ပါ။

  • Mode of payment တွင် ငွေလက်ခံ(သို့)ငွေပေးချေသည့် ငွေစာရင်း/ဘဏ်စာရင်းအား ရွေးချယ်ပါ။

  • Party Type တွင် Purchase အတွက်ငွေချေခြင်းဖြစ်ပါက supplier ရွေးချယ်ပါ။ Sales Invoice အတွက် ငွေလက်ခံခြင်းဖြစ်ပါက Customer ရွေးချယ်ပါ။
  • Party တွင် Customer (or) Supplier Name အားရွေးချယ်ပါ။

  • Paid Amount တွင် ငွေလက်ခံရှိသည့်ပမာဏ (သို့) ငွေပေးချေသည့်ပမာဏအား ထည့်သွင်းပါ။
  • Enter နှိပ်ပါ။

  • ငွေချေသည့် Invoice များအား ရွေးချယ်ရန်အတွက် Get Outstanding Invoices နှိပ်ပါ။

  • Form Date / To Date တွင် Invoice ရွေးချယ်မည့် ရက်အား ရွေးချယ်နိုင်ပါသည်။
  • Default 1month ကျမည်ဖြစ်ပါသည်။
  • Due Date များအားအားရွေးချယ်လိုပါကလည်း ရွေးချယ်နိုင်ပါသည်။
  • Get Outstanding Invoice နှိပ်ပါ။

Screenshot 2024-05-04 131121

  • Payment References တွင် ငွေချေရန်ကျန်သည့် Invoice များအားတွေ့မြင်ရမည်။
  • Default Allocate သည် အရင်ဦးဆုံးဝယ်ယူထားသော Invoice အတွက် Auto ငွေချေမည်ဖြစ်ပါသည်။ အရင်ဦးဆုံးဝယ်ယူထားသော Invoice အတွက် အရင် ငွေချေလိုခြင်းမဟုတ်ဘဲ ရွေးချယ်၍ ငွေချေလိုပါက Allocated Amount တွင် ဝင်နေသော Amount များအား ဖြတ်၍
  • ငွေချေမည့် Invoice အကြောင်း၏ Allocated Amount တွင် ချေမည့် ပမာဏများအား ထည့်သွင်းနိုင်ပါသည်။

  • ဘဏ်မှ ငွေရရှိခြင်း (သို့) ငွေပေးချေခြင်းဖြစ်ပါက Cheque/Reference No နှင့် Cheque/Reference Date တွင် ထည့်သွင်းရမည်။

  • Save > Submit နှိပ်ပါ။

  • ငွေချေထားသော Invoice များ ငွေကြေသွားကြောင်း Invoice တွင်ပြန်လည်ကြည့်ပါက တွေ့မြင်ရမည်။

3)ငွေကြိုတင်ရရှိထည့်သွင်းခြင်း

  • Add Payment Entry နှိပ်ပါ။

  • Payment Type တွင် ငွေလက်ခံခြင်းဖြစ်ပါက Receive (သို့) ငွေပေးချေခြင်းဖြစ်ပါက Pay အားရွေးချယ်ပါ။

  • Posting Date တွင် ငွေလက်ခံသည့် ရက်(သို့) ငွေပေးချေသည့်ရက် အားရွေးချယ်ပါ။

  • Mode of payment တွင် ငွေလက်ခံ(သို့)ငွေပေးချေသည့် ငွေစာရင်း/ဘဏ်စာရင်းအား ရွေးချယ်ပါ။

  • Party Type တွင် Purchase အတွက်ငွေချေခြင်းဖြစ်ပါက supplier ရွေးချယ်ပါ။ Sales Invoice အတွက် ငွေလက်ခံခြင်းဖြစ်ပါက Customer ရွေးချယ်ပါ။

  • Party တွင် Customer (or) Supplier Name အားရွေးချယ်ပါ။

  • Paid Amount တွင် ငွေလက်ခံရှိသည့်ပမာဏ (သို့) ငွေပေးချေသည့်ပမာဏအား ထည့်သွင်းပါ။

  • Cost Center ရွေးချယ်ပါ။

  • Remark ထည့်သွင်းလိုပါက More Information အောက်မှ Custom Remarks တွင်အမှန်ခြစ်ထည့်၍ Remarks တွင် ရေးသားလိုသော remark အားထည့်သွင်းပါ။

  • Save > Submit နှိပ်ပါ။

  • သက်ဆိုင်ရာ receivable report များတွင် ငွေရရှိထားကြောင်းတွေ့မြင်ရမည်။

ငွေကြိုရစာရင်းသည် သက်ဆိုင်ရာ transaction များတွင် အလုပ်လုပ်ပုံ

Flonnect_2024-05-04_f4107347-1a66-4290-8ccf-8b3d204355eb

4)ငွေလွှဲပြောင်းခြင်း

  • Add Payment Entry နှိပ်ပါ။

  • Payment Type တွင် Internal Transfer ရွေးချယ်ပါ။

  • Mode of payment တွင် ငွေထုတ်ပေးမည့် Cash book(or)Bank အားရွေးချယ်နိုင်ပါသည်။ မဖြစ်မနေရွေးချယ်ရန်မလိုပါ။

  • Account Paid Form တွင် ငွေထုတ်ပေးသည့် Cash (or) Bank ရွေးချယ်ပါ။

  • Account Paid To တွင် ငွေလက်ခံသည့် Cash (or) Bank ရွေးချယ်ပါ။

  • Paid Amount တွင် ငွေထုတ်သည့် amount အားထည့်သွင်းပါ။

  • ဘဏ်နှင့်သက်ဆိုင်သည့် Bank Account အားရွေးချယ်ထားပါက Cheque/Reference No နှင့် Cheque/Reference Date တွင် ထည့်သွင်းရမည်။

  • Accounting Dimensions တွင် Cost Center ရွေးချယ်ပါ။
  • Save/Submit နှိပ်ပါ။
  • ထည့်သွင်းထားသော Cash နှင့် Bank တွင် ငွေအဝင်/အထွက် စာရင်းများအားတွေ့မြင်ရမည်။

5) ငွေလက်ခံသည့်အချိန်တွင် dis လျော့ပေးခြင်း

ငွေလက်ခံရရှိသည့်အချိန်တွင် ဘောင်ချာ၏ အစွန်းထွက်ငွေများလျော့ပေးလိုခြင်း(သို့) ငွေစောသွင်းသဖြင့် dis ပေးလိုခြင်းများထည့်သွင်းလိုပါက

Invoice အား ရွေးချယ်၍ ငွေရှင်းသည့်အခါတွင်

  • Paid Amount တွင် ငွေအမှန်တကယ်လက်ခံရရှိသော ပမာဏသာ ထည့်သွင်းပါ။
  • ဥပမာ - 16500 ကျသင့်သည့် ဘောင်ချာအတွက် 16000 သာရရှိပါက 16000သာ Paid Amount တွင် ထည့်သွင်းပါ။

  • ငွေရှင်းသည့် Invoice ၏ allocated တွင် ဘောင်ချာတွင် ငွေကျရမည့်ပမာဏသာထည့်သွင်းပါ။
  • ဥပမာ - 16000 ကျပ်သာ ငွေသားရရှိသော်လည်း Invoice တွင် ကျန်သော 500 သည် ထပ်မံရရှိတော့မည်မဟုတ်ဘဲ Dis ပေးမည်ဖြစ်သောကြောင့် Invoice အကြောင်းတွင် တွင်ကျသင့်သည့် ငွေကျေမည့်ပမာဏ ထည့်သွင်းပါ။

  • Difference Amount တွင် Dis ပေးမည့် ပမာဏအား တွေ့မြင်ရမည်။
  • ဥပမာ - 500 Dis ပေးမည်ဖြစ်သောကြောင့် 500 တွေ့မြင်ရမည်။
  • Write off difference amount ကိုနှိပ်ပါ။

  • Deductions or Loss တွင် Dis လျော့ပေးသည့် ပမာဏအကြောင်းအားတွေ့မြင်ရမည်။
  • Account တွင် သက်ဆိုင်ရာ Account အားပြန်လည်ရွေးချယ်ပါ။

  • Save/ Submit ကိုနှိပ်ပါ။

  • ထည့်သွင်းထားသော Invoice အစောင်အတွက် ငွေကျေသွားကြောင်း တွေ့မြင်ရပါမည်။

Last updated 4 hours ago
Was this helpful?
Thanks!