Offset Customer Receivable with Supplier Payable
Customer နှင့် Supplier တစ်ယောက်တည်းဖြစ်သည့် အခြေအနေမျိုးတွင် ရရန်ရှိစာရင်းနှင့် ပေးရရန်ရှိစာရင်းကို ချေမည်ဆိုပါက အောက်ပါအတိုင်းထည့်သွင်းပေးရပါမည်။
ထို Customer ဝယ်ယူထားသည့်အရောင်းဘောင်ချာကို သူ့ဆီမှဝယ်ထားသော အဝယ်ဘောင်ချာနှင့် ချေရန် Journal Entry မှချေရပါမည်။


ပထမဦးစွာ Journal Entry ထဲကိုဝင်ရပါမည်။

Add Journal Entry ကိုနှိပ်ပါ။

Posting Date တွင် Sales Invoice နှင့် Purchase Invoice ကိုချေသည့်ရက်ကို ထည့်သွင်းပါ။

Account နေရာတွင် Debtor Account ကိုထည့်ရပါမည်။
Party နေရာတွင် သက်ဆိုင်ရာ Customer Name ကိုထည့်ရပါမည်။
ထို့နောက် Edit Line ထဲကိုဝင်ပါ။

Reference အောက်တွင်ရှိသော Reference Type တွင် အရောင်းဘောင်ချာကို ချေမှာဖြစ်သည့်အတွက် Sales Invoice ကိုရွေးရပါမည်။
Reference Name တွင် သက်ဆိုင်ရာ အရောင်းဘောင်ချာနံပါတ်ကို ထည့်ရပါမည်။

ထို့နောက် Add Row ကိုနှိပ်ပါ။
Account နေရာတွင် Creditor Account ကိုထည့်ရပါမည်။
Party နေရာတွင် သက်ဆိုင်ရာ Supplier Name ကိုထည့်ရပါမည်။

Edit Line ထဲကိုဝင်ပါ။
Reference အောက်တွင်ရှိသော Referenct Type တွင် အဝယ်ဘောင်ချာနှင့်ချေမှာဖြစ်သည့်အတွက် Purchase Invoice ကိုရွေးရပါမည်။
Reference Name တွင် သက်ဆိုင်ရာ အဝယ်ဘောင်ချာနံပါတ်ကို ထည့်ရပါမည်။
ထို့နောက် Save>> Submit>> Yes ကိုနှိပ်ရပါမည်။

သက်ဆိုင်ရာ အရောင်းဘောင်ချာကို ပြန်ကြည့်ပါက Paid ဖြစ်ပြီး ငွေကျေသွားသည်ကိုအောက်ပါအတိုင်းတွေ့ရပါမည်။

ထို့နောက် အဝယ်ဘောင်ချာအတွက် ပေးရန်ကျန်သည့်ငွေပမာဏကို Accounts Payable Report တွင်စစ်ကြည့်ပါကလည်း ပေးရန်ရှိလျော့သွားသည်ကို အောက်ပါအတိုင်းတွေ့ရပါမည်။
