-
Credit Purchase အကြွေးဝယ်သော ဘောင်ချာရိုက်နည်း
-
အကြွေးဝယ်သော ဘောင်ချာအား ထည့်သွင်းရန်အတွက် Buying >>> Buying >> Purchase Invoice ကိုနှိပ်ပါ။
-
Add Purchase Invoice ကိုနှိပ်ပါ။
-
Back Date နှင့် ဘောင်ချာရိုက်လိုပါက Edit Posting Date and Time ကိုအမှန်ခြစ်ပါ။
-
Posting Date ကိုရွေးပါ။
-
Supplier ကို ရွေးပါ။
-
Due Date တွင် ပစ္စည်းရောက်မည့်နောက်ဆုံးရက်ကို ရွေးပါ။
-
Supplier Invoice ရှိ Supplier Invoice No တွင် အဝယ်ဘောင်ချာပေါ်တွင် ဖော်ပြထားသော နံပါတ်ကိုရိုက်ထည့်ပါ။
-
Supplier Invoice Date တွင် အဝယ်ဘောင်ချာပေါ်ရှိ ရက်စွဲကို ရွေးပါ။
-
Cost Center သတ်မှတ်ထားပါက Accounting Dimensions တွင် ရွေးပါ။
-
Project သတ်မှတ်ထားပါက Project တွင် ရွေးပါ။
-
Supplier အား Currency သတ်မှတ်ထားပါက Currency and Price List တွင် နှိပ်၍ စစ်ဆးနိုင်ပါသည်။
-
Customer တစ်ဦးချင်းအပေါ်မူတည်၍ ဈေးနှုန်းပြောင်းမည်ဆိုပါ Currency and Price List ကိုနှိပ်ပါ။ Price List တွင် သတ်မှတ်ထားသော ဈေးနှုန်းအမျိုးအစားအား ရွေးပါ။
-
Item အား Barcode ဖြင့် Scan ဖတ်လိုပါ Scan ဖတ်ပါ။
-
Stock ကို အဝင်စာရင်းပြန်ရန်တွက် Update Stock ကိုအမှန်ခြစ်ပါ။
-
Set Accepted Warehouse တွင် ကုန်ပစ္စည်းထားမည့် နေရာကို ရွေးပါ။
-
Items Table တွင် အဝယ်ပြုလုပ်သော Item ကို ရွေးပါ။
-
Item သတ်မှတ်စဉ်က Purchase ပြုလုပ်လျှင် Default ဖော်ပြလိုသော UOM ကို ဦးစားပေး ဖော်ပြပေးပါမည်။
-
Accepted Qty တွင် လက်ခံရရှိသော အရေအတွက်ကို ရိုက်ထည့်ပါ။
-
UOM ကို ရွေးလိုပါက ရွေးနိုင်ပါသည်။
-
Rate တွင် အဝယ်ဘောင်ချာပေါ်ရှိ ဈေးနှုန်းကို ရိုက်ထည့်ပါ။
မှတ်ချက် = ယခင်က အဝယ်ပြုလုပ်ဖူးပါက ယခင်ဈေးကို ဖော်ပြပေးပါမည်။ ပြင်လိုပါက ပြင်နိုင်ပါသည်။ နောက်ထပ် အခြားသော Item များ ထပ်ထည့်လိုပါက Add Row ကိုနှိပ်ပါ။ အချက်အလက်များကို ထည့်ပါ။
-
Save ကိုနှိပ်ပါ။
-
ယခုရိုက်နေသော ဘောင်အချာအတွက် Payment Terms သတ်မှတ်ထားလိုပါက Terms ကိုနှိပ်ပါ။
မှတ်ချက် = Payment Terms တွင် Due Date အတူတူနှင့် Row (၂) ခုထား၍ မရပါ။
-
Terms and Conditions ရှိ Terms ကိုတွင် ရွေးပါ။
-
Save ကိုနှိပ်ပါ။ Status နေရာတွင် Draft နှင့် ဖော်ပြပေးပါမည်။
-
Draft အနေအထားတွင်ပြင်လိုသည်များကို ပြင်နိုင်ပါသည်။
မှတ်ချက် = Item မှားရွေးမိပါက အဆိုပါ Item အား Delete ပြုလုပ်၍ အသစ်ပြန်ထည့်ပါ။
-
အချက်အလက်အားလုံးပြည်စုံမှန်ကန်လျှင် Save, Submit, Yes ကိုနှိပ်ပါ။
-
Status တွင် UnPaid နှင့် ပြပေးပါမည်။
-
UnPaid နှင့်ပြနေသော ဘောင်ချာအား မှား၍ ပြန်ပြင်လိုပါက Cancel ပြုလုပ်ပြီးနောက် Amend ကိုနှိပ်၍ ပြင်ရပါသည်။ ပြင်ပြီးနောက် Save, Submit, Yes ကိုနှိပ်ရပါသည်။
-
Report အနေဖြင့်
- General Ledger
- Stock Ledger
- Bin
- Stock Balance
- Account Payable Report
- Account Payable Summary Report
- Balance Sheet
- Profit and Loss Statement တို့တွင် စစ်ဆေးနိုင်ပါသည်။