to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Employee Attendance Tools

Employee Attendance Tool

Employee Attendance Tool သည် သတ်မှတ်ထားသော နေ့ရက်တစ်ခုအတွက် ဝန်ထမ်းအများအပြား၏ အလုပ်တက်ရောက်မှုကို တစ်ပြိုင်နက် မှတ်တမ်းတင်နိုင်ရန် ကူညီပေးပါသည်။

Employee Attendance Tool ကို အသုံးပြုရန် အောက်ပါအတိုင်းသွားပါ -

Home > Human Resources > Attendance > Employee Attendance Tool

ဤကိရိယာသည် သတ်မှတ်ထားသောနေ့ရက်အတွက် Department နှင့် Branch)အလိုက် ဝန်ထမ်းအများအပြား၏ အလုပ်တက်ရောက်မှုမှတ်တမ်းများကို လျင်မြန်စွာ ထည့်သွင်းနိုင်စေပါသည်။

1.Prerequisites

Employee Attendance ကို မဖန်တီးမီ အောက်ပါအချက်အလက်များကို ကြိုတင်ဖန်တီးထားရန် အကြံပြုအပ်ပါသည် Employee/Department/Branch

2. Employee Attendance Tool ကို အသုံးပြု၍ Attendance မှတ်တမ်းတင်နည်း

  1. Date ကို ရွေးချယ်ပါ။

  2. Department နှင့် Branch တို့ကို ရွေးချယ်ပါ (ရွေးချယ်ရန်မဖြစ်မနေ မလိုအပ်ပါ)။

  3. Employees ကို ရွေးချယ်ပါ။

  4. လိုအပ်ချက်အရ Present, Absent သို့မဟုတ် Half Day စသည်ဖြင့် မှတ်သားပါ။

  5. ဤနေရာမှ Shift ကို ရွေးချယ်နိုင်ပြီး Late Entry နှင့် Early Exit တို့ကိုလည်း မှတ်သားနိုင်ပါသည်။

အလုပ်တက်ရောက်မှု မှတ်သားပြီးသော ဝန်ထမ်းအားလုံးကို ၎င်းတို့၏ Status နှင့်အတူ အောက်ဘက်ရှိ Marked Attendance ဇယားတွင် တွေ့မြင်နိုင်ပါသည်။

သတ်မှတ်ထားသော ဝန်ထမ်းတစ်ဦးချင်းစီ သို့မဟုတ် အခြေအနေတစ်ခုခုရှိသည့် ဝန်ထမ်းများကို ရှာဖွေရန် ဇယားရှိ Column filter များကို အသုံးပြုနိုင်ပါသည်။

မှတ်ချက်: အလုပ်တက်ရောက်မှုကို Future dates များအတွက် ကြိုတင်မှတ်သား၍မရပါ။

Employee Attendance Tool ကို အသုံးပြု၍ မှတ်တမ်းတင်ပြီးပါက ဝန်ထမ်းတစ်ဦးချင်းစီ၏ အလုပ်တက်ရောက်မှုမှတ်တမ်း (Attendance Record) တွင် အောက်ပါအတိုင်း အလိုအလျောက် သိမ်းဆည်းသွားမည်ဖြစ်သည် ။

Last updated 5 hours ago
Was this helpful?
Thanks!