Credit Note Journal
ရောင်းချထားသောကုန်ပစ္စည်းများကို Customer များထံမှ ကုမ္ပဏီသို့ Return ပြန်သွင်း၍ ထိုဘောင်ချာအတွက် Customerထံမှပစ္စည်းပြန်လည်ရရှိလိုက်သည့်အတွက် ထိုဘောင်ချာအတွက် ငွေရရန်ကျန်မရှိတော့ကြောင်းအား ရရန်ရှိစာရင်းနှင့် စာရင်းညှိပါက Credit Note Journal ကို အသုံးပြုနိုင်ပါသည်။
Credit Note စာရင်းသွင်းမည်ဆိုပါက
- Journal Entry သို့သွားပါ။

- Add Journal Entry ကိုနှိပ်ပါ။

- Entry Type တွင် Credit Note ကိုရွေးပါ။

- Posting Date တွင်မိမိထည့်သွင်းလိုသည့်ရက်အားရွေးချယ်ပါ။

- Accounting Entries ဇယားတွင် မိမိစာရင်းသွင်းလိုသော Accountအားရွေးချယ်ပါ။(စာရင်းသွင်းရာတွင် Debit/Credit ထည့်သွင်းရမည်ဖြစ်သောကြောင့် ထည့်သွင်းမည့် Account နှစ်ခုအားရွေးချယ်ရန်လိုအပ်ပါသည်။) Debit/Credit တွင်သက်ဆိုင်ရာAccountများ၏ အဝင်အထွက်စာရင်းအား သက်ဆိုင်ရာအကြောင်းတွင်ထည့်ပါ။

- Save/Submit နှိပ်ပါ။

- ထည့်သွင်းလိုက်သည့် Credit Note အားတွေ့မြင်ရမည်။

- ထည့်သွင်းလိုက်သည့် Credit Note အစောင်၏ View ကိုနှိပ်၍ Ledgerကိုသွား၍ စစ်ကြည့်နိုင်ပါသည်။

Last updated 5 hours ago
Was this helpful?