to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Birthdays Reminders or Birthdays Auto Email send

ဝန်ထမ်းများ၏ မွေးနေ့အတွက် ဝန်ထမ်းအားလုံးထံသို့ Email ပို့လိုလျှင် ပြုလုပ်ရမည် အဆင့်များ

  1. HR Setting တွင် Birthday အတွက် Reminder Setting ပြုလုပ်ရန်။
  2. Employee မှ ဝန်ထမ်း၏ အချက်အလက်ကို ထည့်လျှင် အဆိုပါ ဝန်ထမ်း၏ မွေးနေ့ကို မှန်အောင် ထည့်ရပါမည်။ ဝန်ထမ်း၏ Email ကို မှန်အောင် ထည့်ပေးရပါမည်။
  3. ဝန်ထမ်း၏ Status မှာ Active ဖြစ်နေရပါမည်။

1. HR Setting တွင် Birthday အတွက် Reminder Setting ပြုလုပ်ရန်။

  • HR Setting ထဲသို့ဝင်ပါ။
  • Reminders ကို နှိပ်ပါ။
  • Birthdays ကို အမှန်ခြစ်ပါ။
  • Save ကိုနှိပ်ပါ။

2. ဝန်ထမ်း၏ အချက်အလက်များကို ထည့်သွင်းရန်

  • Employee List ထဲသို့ဝင်ပါ။
  • Add Employee ကိုနှိပ်ပါ။
  • ဝန်ထမ်း၏ အချက်အလက်များကို မှန်အောင်ဖြည့်ပါ။
  • Save ကိုနှိပ်ပါ။ မှတ်ချက် = ဝန်ထမ်း မွေးနေ့, အလုပ်ဝင်သောရက်စွဲ, ဝန်ထမ်း၏ Email တို့ကို သေချာအောင် ဖြည့်ရပါမည်။

အထက်ပါအတိုင်းပြုလုပ်ထားပါက ဝန်ထမ်း၏ မွေးနေ့အတွက် ဝန်ထမ်းများအားလုံးထံသို့ မွေးနေ့ ရောက်ရှိကြောင်းကို Email ပို့ပါမည်။

3. အလုပ်ထွက်သွားသော ဝန်ထမ်းအား Status ပြောင်းနည်း

ဝန်ထမ်း၏ Status မှာ (4) မျိုးရှိပါသည်။

  1. Active
  2. Inactive
  3. Left
  4. Suspended တို့ဖြစ်ပါသည်။
    မှတ်ချက် = ဝန်ထမ်း၏ မွေးနေ့အတွက် Email ပို့လျှင် Active တစ်ခုတည်းကိုသာ ပို့ပါမည်။

  • Employee List ထဲသို့ဝင်ပါ။
  • Status ပြောင်းလိုသော ဝန်ထမ်းအား တစ်ချက်နှိပ်ပါ။
  • Status တွင် ပြောင်းလိုသော Status ကိုရွေးပါ။
  • Save ကိုနှိပ်ပါ။

User List ထဲတွင် စစ်ဆေးရန်

  • User List ထဲသို့ဝင်ပါ။
  • Status ပြောင်းလိုက်သော Employee ကို Disabled နှင့် ပြနေပါမည်။

Last updated 5 hours ago
Was this helpful?
Thanks!