to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Asset Movement

မိမိလုပ်ငန်းတွင်ရှိသော ပုံသေပိုင်ပစ္စည်းများကို နေရာတစ်ခုမှ တခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခြင်း၊ မိမိရုံးမှရှိသော ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးခြင်း၊ ပုံသေပိုင်ပစ္စည်းကို ဝန်ထမ်းအချင်းချင်းပေးအပ်ခြင်း၊ ဝန်ထမ်းမှ ပုံသေပိုင်ပစ္စည်းကို နေရာတစ်ခုသို့ ထားသည့်အခါမျိုးတွင် Asset Movement ကိုအသုံးပြု၍ စာရင်းထည့်သွင်းနိုင်ပါသည်။

Asset Movement ထည့်သွင်းမည်ဆိုပါက အမျိုးအစား(3)မျိုးရှိပါသည်။

  • မိမိရုံးမှရှိသော ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးမည်ဆိုပါက Issue Type ကိုအသုံးပြုရပါမည်။
  • မိမိရုံးမှရှိသော ဝန်ထမ်းအချင်းချင်း ပုံသေပိုင်ပစ္စည်းပြန်လွှဲပေးလျှင် Issue Type ကိုအသုံးပြုရပါမည်။
  • ပုံသေပိုင်ပစ္စည်းကို နေရာတစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ပါက Transfer Type ကိုအသုံးပြုရပါမည်။

(1) မိမိရုံးမှရှိသော ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးခြင်းကို ထည့်သွင်းမည်ဆိုပါက

Accounting > Asset > Asset Movement

  • Add Asset Movement ကိုနှိပ်ပါ။

  • Purpose တွင် Issue ကိုရွေးချယ်ပါ။
  • Transaction Date တွင် ဝန်ထမ်းကို ပုံသေပိုင်ပစ္စည်းပေးသည့် ရက်နှင့် အချိန်ကိုထည့်သွင်းပေးရပါမည်။

  • Asset အကွက်ထဲတွင်ရှိသော Asset တွင် ဝန်ထမ်းကိုပေးသည့် Asset ကိုရွေးချယ်ပါ။
  • Asset ကိုရွေးချယ်လိုက်ပါက ထို Asset ရှိသောနေရာပါ ကျလာပါမည်။
  • To Employee ‌တွင် Asset ကိုပေးမည့် ဝန်ထမ်းကိုရွေးချယ်ပါ။

  • Reference အောက်တွင်ရှိသော Reference Document Type တွင် ထို Asset Item ကိုဝယ်ခဲ့သည့် ဘောင်ချာရှိပါက Purchase Invoice ကိုရွေးချယ်ပါ။
  • Reference Document Name တွင် ‌Asset ဝယ်ခဲ့သည့် ဘောင်ချာနံပါတ်ကိုထည့်ပါ။

  • Save > Submit > Yes ကိုနှိပ်ပါ။

  • Asset List တွင်ပြန်ကြည့်ပါကလည်း ပေးလိုက်သောဝန်ထမ်းကို Asset ၏ Custodian Name တွင်အောက်ပါအတိုင်းတွေ့ရပါမည်။

(2) ပုံသေပိုင်ပစ္စည်းကို ဝန်ထမ်းအချင်းချင်းပြန်လွှဲပေးခြင်းကို ထည့်သွင်းမည်ဆိုပါက

Accounting > Asset > Asset Movement

  • Add Asset Movement ကိုနှိပ်ပါ။

  • Purpose တွင် Issue ကိုရွေးချယ်ပါ။
  • Transaction Date တွင် Asset ကို ဝန်ထမ်းအချင်းချင်းလွှဲပေးသည့် ရက်နှင့်အချိန်ကိုထည့်ပါ။

  • Asset အကွက်တွင်ရှိသော Asset တွင် ဝန်ထမ်းအချင်းချင်းလွှဲပေးသည့် Asset ကိုထည့်ပါ။
  • To Employee တွင် လွှဲပေးသည့် ဝန်ထမ်းကိုရွေးချယ်ပါ။

  • Reference အောက်တွင်ရှိသော Reference Document Type တွင် ထို Asset Item ကိုဝယ်ခဲ့သည့် ဘောင်ချာရှိပါက Purchase Invoice ကိုရွေးချယ်ပါ။
  • Reference Document Name တွင် ထို Asset ဝယ်ခဲ့သည့် ဘောင်ချာနံပါတ်ကိုထည့်ပါ။

  • Save > Submit > Yes ကိုနှိပ်ပါ။

  • Asset List တွင်ပြန်ကြည့်ပါကလည်း နောက်ထပ်လွှဲပေးလိုက်သည့် ဝန်ထမ်းတစ်ယောက်ကို Custodian Name တွင်အောက်ပါအတိုင်း တွေ့ရပါမည်။

(3) ရုံးတွင်ရှိသော ပုံသေပိုင်ပစ္စည်းကို နေရာတစ်နေရာမှ တခြားတစ်နေရာသို့ ပြောင်း‌ရွှေ့ခြင်းကို ထည့်သွင်းမည်ဆိုပါက

Accounting > Asset > Asset Movement

  • Add Asset Movement ကိုနှိပ်ပါ။

  • Purpose တွင် Transfer ကိုရွေးချယ်ပါ။
  • Transaction Date တွင် Asset ကို တစ်နေရာမှ တခြားတစ်နေရာသို့ ပြောင်းရွှေ့သည့် ရက်နှင့်အချိန်ကို ထည့်ပါ။

  • Assets ‌အကွက်တွင်ရှိသော Asset ‌တွင် နေရာပြောင်းရွှေ့မည့် Asset ကိုရွေးချယ်ပါ။
  • Target Location တွင်မိမိ‌ပြောင်း‌ရွှေ့ချင်သည့် နေရာကို‌ရွေးချယ်ပါ။

  • Save > Submit > Yes ကိုနှိပ်ပါ။

  • Asset List တွင်ပြန်ကြည့်ပါကလည်း Asset ပြောင်းရွှေ့လိုက်သည့် နေရာကို Location တွင်အောက်ပါအတိုင်း‌တွေ့ရပါမည်။

Last updated 4 hours ago
Was this helpful?
Thanks!