to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Program

ပရိုဂရမ်ဆိုသည်မှာ သင်ယူမှုလုပ်ငန်းစဥ်နှင့် ပန်းတိုင်များကို အဆင်ပြေချောမွေ့စေရန် သင်တန်းကျောင်းမှချမှတ်ထားသော ပညာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်သည်။

ERPNext Education တွင် Program ထည့်သွင်းရန် -

Masters အောက်ရှိ Program ကိုနှိပ်ပါ။

Add Program ကိုနှိပ်ပါ။

Program Name တွင် သင်ကြားမည့် သင်ရိုးအမည်ကိုထည့်သွင်းပါ။ Program Abbreviation တွင် သတ်မှတ်လိုလျှင် ထည့်သွင်းနိုင်သည်။ Department တွင် Program အလိုက် ဌာနခွဲထားသည်များရှိပါက ထည့်သွင်းပါ။ Course တွင် Program တွင် သင်ကြားရမည့် ဘာသာရပ်များကို ထည့်သွင်းသတ်မှတ်ပါ။ Mandatory တွင် မဖြစ်မနေယူကိုယူရမည့်ဘာသာရပ်များကိုအမှန်ခြစ်ထည့်သွင်းပါ။ (ရွေးချယ်နိုင်သည့် ဘာသာရပ်များရှိပါက အမှန်ခြစ်ထည့်သွင်းရန်မလိုပါ။)

Portal Setting တွင်- Program အား Public ဖြင့်ပြမည်ဆိုပါက Is Published ကိုအမှန်ခြစ်ထည့်သွင်းပါ။ ကျောင်းသား/သူကိုယ်တိုင်စာရင်းသွင်းစေချင်သည်ဆိုပါက Self Enroll ကိုအမှန်ခြစ်ထည့်သွင်းပါ။ Program ကို Portal ပေါ်တွင်ထင်ရှားစေရန် Is Featured ကိုအမှန်ခြစ်ထည့်သွင်းပါ။ Intro Video တွင် Program နှင့်ပတ်သက်သည့် မိတ်ဆက် Video ရှိပါကထည့်သွင်းပေးနိုင်သည်။ Description တွင်လည်း ထည့်သွင်းလိုကထည့်သွင်းနိုင်ပါသည်။ လိုအပ်သည်များအပြည့်အစုံထည့်သွင်းပြီးပါက Save ကိုနှိပ်ပါ။

ထည့်သွင်းထားသော Program ကိုတွေ့ရမည်။ အခြား Program များကိုလည်း ထိုနည်းအတိုင်းထည့်သွင်းနိုင်ပါသည်။

Last updated 4 hours ago
Was this helpful?
Thanks!