Purchase Invoice Payment with Discount
-
Purchase Invoice List ထဲသို့ဝင်ပါ။
-
Create မှ Payment ကိုနှိပ်ပါ။
-
Payment Type တွင် Pay ကိုပြနေပါမည်။
-
Posting Date တွင် Transaction ပြုလုပ်သော ရက်စွဲကို ရွေးပါ။
-
Mode of Payment တွင် ငွေထွက်မည့် Cash Book ကိုရွေးပါ။
-
Party Type တွင် Supplier ကိုပြနေပါမည်။
-
Party တွင် Supplier ကိုပြနေပါမည်။
-
Amount တွင် ကျသင့်ငွေကို ဖော်ပြထားပါမည်။ Discount ရမည့် ငွေပမာဏကို ဖော်ပြထားသော ငွေပမာဏပေါ်တွင် အနှုတ်နှင့် ရိုက်ထည့်ပါ။ အမှန်တကယ်ပေးရမည့် ငွေပမာဏကို တွက်ပြပေးပါလိမ့်မည်။
-
Payment Reverence တွင် ငွေပေးချေရမည့် ဘောင်ချာ၏ အချက်အလက်များကို ဖော်ပြပေးပါမည်။ Allocated တွင် Purchase Invoice ရှိ Discount မလျော့မီက ငွေပမာဏကို ပြင်ရိုက်ပေးပါ။
-
Difference Amount တွင် Discount လျော့ပေးသည့် ငွေပမာဏကို အနှုတ်နှင့် ဖော်ပြပေးပါမည်။
-
ကုန်ဝယ်အတွက် Discount ပြန်ရသောကြောင့် Discount Receive GL ကို ရွေးပါ။
-
Cost Center ကိုရွေးပါ။
-
Amount တွင် Discount ရလိုက်သော ငွေပမာဏကို အနှုတ်နှင့် ရိုက်ထည့်ပါ။
-
Difference Amount တွင် ယခင် အနှုတ်နှင့် ဖော်ပြနေသော ငွေပမာဏ ပျောက်သွားပါမည်။
-
Accounting Dimensions တွင် Project, Cost Center ကိုရွေးပါ။
-
More Information ကိုနှိပ်ပါ။
-
Custom Remarks တွင် အမှန်ခြစ်ပါ။
-
Remark တွင် မှတ်ချက်ကို ရိုက်ထည့်ပါ။
-
Save ကိုနှိပ်ပါ။ Status တွင် Draft နှင့် ပြပေးပါမည်။ ပြင်လိုသည့် အချက်အလက်များရှိပါက ပြင်ပါ။ Save ကိုနှိပ်ပါ။
မှတ်ချက် = Cash Book ကိုရွေးစဉ် Bank ကို ရွေးပါက Cheque တွင် ဘဏ်မှ ဘောင်ချာနံပါတ်ကို ရိုက်ထည့်ပါ။
-
Transaction Date ကိုရွေးပေးပါ။
-
အချက်အလက်များ သေချာမှန်ကန်လျှင် Submit, Yes ကိုနှိပ်ပါ။