to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Asset Value Adjustment

ပုံသေပိုင်ပစ္စည်းသည် ပျက်စီးမှုတစ်ခုခုကြောင့် ပိုင်ဆိုင်မှုတန်ဖိုးရုတ်တရက် ပြောင်းလဲသွားပါက ပုံသေပိုင်ပစ္စည်း၏ ပိုင်ဆိုင်မှုတန်ဖိုး ညှိယူသည့်အခါမျိုးတွင် Asset Value Adjustment တွင်ထည့်သွင်းနိုင်ပါသည်။ (ဥပမာ- laptop တစ်လုံးသည် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားပါက ၎င်း၏တန်ဖိုးသည် ချက်ချင်းကျဆင်းသွားမည်ဖြစ်သည်။ ထိုအ‌ခြေအနေမျိုးတွင် ပုံသေပိုင်ပစ္စည်း၏တန်ဖိုးကို ပြန်လည်ညှိယူရမည် ဖြစ်ပါသည်။)

ပုံသေပိုင်ပစ္စည်း၏တန်ဖိုးကို ပြန်လည်တန်ဖိုးညှိယူခြင်းကို ထည့်သွင်းမည်ဆိုပါက

Accounting > Asset > Asset Value Adjustment

  • Add Asset Value Adjustment ကိုနှိပ်ပါ။

  • Asset တွင်တန်ဖိုးပြန်လည်ညှိမည့် Asset ကိုထည့်သွင်းပါ။
  • Date တွင် တန်ဖိုးပြန်လည်ညှိသည့် Date ကိုထည့်ပါ။
  • New Asset Value တွင်တန်ဖိုးပြန်လည်သတ်မှတ်သည့် Amount ကိုထည့်ပါ။
  • Edit Full Form ကိုနှိပ်ပါ။

  • Value Detail အောက်တွင်ရှိသော Current Asset တွင် ပုံသေပိုင်ပစ္စည်း၏ ယခုလက်ရှိတန်ဖိုးလျှော့ပြီးသားတန်းဖိုးကို တွေ့ရပါမည်။

  • Save > Submit > Yes ကိုနှိပ်ပါ။

  • ထည့်သွင်းလိုက်သော ပုံသေပိုင်ပစ္စည်း တန်ဖိုးပြန်လည်ညှိလိုက်သည်ကို Asset Value Adjustment တွင်အောက်ပါအတိုင်းတွေ့ရပါမည်။

  • Asset List တွင်ပြန်ကြည့်ပါကလည်း တန်ဖိုးပြန်လည်သတ်မှတ်လိုက်သည့် ပုံသေပိုင်ပစ္စည်း၏တန်ဖိုးသည် ကျန်ရှိသော လများတွင် ခွဲဝင်သွားပါမည်။

Last updated 4 hours ago
Was this helpful?
Thanks!