ERP Next သည် မိမိတို့၏ စီးပွားရေးလုပ်ငန်းစဉ်အား နည်းပညာဖြင့် စာရင်းအင်းများ ထိန်းသိမ်း မှတ်တမ်းတင်ထားနိုင်ရန်အတွက် ပြုလုပ်ထားသော ဆော့ဝဲတစ်ခု ဖြစ်ပါသည်။
ERP Next ကို အသုံးပြုမည်ဆိုကပါ
- Computer
- Tablet
- Internet စသည်တို့ ရှိရပါမည်။
- ERP Next ကို အသုံးပြုလျှင် လုပ်ငန်းကို စီမံခန့်ခွဲသူသည် မည်သည့်နေရာတွင်ရှိနေသည် ဖြစ်စေ မိမိလုပ်ငန်းအား အချိန်နှင့် တပြေးညီ စီမံခန့်ခွဲနိုင်မည်ဖြစ်ပါသည်။
- ERP Next မိမိလုပ်ငန်းတွင် ဆိုင်ခွဲပေါင်းများစွာရှိသည်ဖြစ်စေ ၊ အမျိုးအမည်မတူသော လုပ်ငန်းခွဲများစွာရှိသည်ဖြစ်စေ အချိန်တည်း တပြိင်တည်း စနစ်တကျ စီမံခန့်ခွဲမှုကို ပြုလုပ်၍ ရပါသည်။ ERP Next တွင်
- Accounting စာရင်းများတွက်ချက်ခြင်း။
- Human Resource Management (HRM) လူ့စွမ်းအားစီမံခန့်ခွဲများကို ထိန်းသိမ်းခြင်း။
- Customer Relationship Management (CRM) စားသုံးသူများးနှင့် ဆက်သွယ်မှု ဝန်ဆောင်မှုများအား စီမံခန့်ခွဲခြင်း။
- Feet Management လုပ်ငန်းခွင့်သုံး ယာဉ်များအား စီမံခန့်ခွဲခြင်း။
- Hotel Management ဟိုတယ်လုပ်ငန်းအား စီမံခန့်ခွဲခြင်း။
- Manufacturing Process ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်အား စီမံခန့်ခွဲခြင်း။
စသည်တို့ကို ပြုလုပ်၍ ရပါသည်။
ERP Next တွင် အသုံးပြု၍ ရသော အဓိက Module ခေါင်းစဉ်တို့မှာ
• Company ကုမ္ပဏီလုပ်ငန်းခွဲများ သတ်မှတ်ခြင်း။
• Supplier များသတ်မှတ်ခြင်း
• Credit Terms များသတ်မှတ်ခြင်း
• Warehouse များ သတ်မှတ်ခြင်း
• Item Group များ သတ်မှတ်ခြင်း
• Item များသတ်မှတ်ခြင်း။
• Customer Group များသတ်မှတ်ခြင်း
• Sales အတွက် Price များသတ်မှတ်ခြင်း
• Sales အတွက် Credit Terms များ သတ်မှတ်ခြင်း
• Stock များအား စီမံခန့်ခွဲခြင်း
• လုပ်ငန်းတစ်ခုလုံး၏ Balance Sheet များ စစ်ဆေးခြင်း
• လုပ်ငန်းတစ်ခုလုံး၏ Profit and Loss များစစ်ဆေးခြင်း
• လုပ်ငန်းတစ်ခုလုံး၏ Cash Flow ငွေကြေး စီးဆင်းမှုကို စစ်ဆေးခြင်း
• Multi-Currency ငွေကြေးအမျိုးအား တစ်ခုထက်မက စီမံခန့်ခွဲခြင်း
• ကုန်ကြမ်းမှ ကုန်ချောသို့ အဆင့်ဆင့်ထုတ်လုပ်ခြင်းအား စီမံခန့်ခွဲခြင်း
• Fixed Asset Management ပုံသေပိုင်ပစ္စည်းများအား စီမံခန့်ခွဲခြင်း
စသည်တို့ကို အချိန်နှင့် တပြေးညီ သိရှိနိုင်မည်ဖြစ်ပါသည်။
Last updated 5 hours ago
Was this helpful?