Create Contact Merge
Mobile Phone No. တူပြီး Customer Name မတူသော Contact များကို အောက်ပါအတိုင်း Merge ပြုလုပ်နိုင်ပါသည်။
ပထမဆုံး Data Import ကို သွားပါ။
Add Data Import ကိုနှိပ်ပေးပါ။
Document Type တွင် Contact ရွေးပြီး Import Type တွင် Insert New Records ကိုရွေး၍ Save ကိုနှိပ်ပေးပါ။
ထို့နောက် Download Template ကိုနှိပ်ပါက Export Data Box ကျလာပါလိမ့်မည်။
Export Data Box ကျလာပါက File Type တွင် Excel ကို ရွေးပေးပါ။
Export Type တွင် Filtered Records ကိုရွေးပေးပါ။
ADD a Filter ကိုနှိပ်၍ ID နေရာတွင် Mobile No ကိုရွေးပါ ၊ အလယ်တွင် Equals ကိုရွေးပါ ၊ နောက်ဆုံးအကွက်လေးတွင် Merge လုပ်လိုသော Mobile No. ကိုဖြည့်ပေးပါ။
ထို့နောက် Select Fields To Insert တွင် Select All ကို ရွေး၍ Export လုပ်ပေးပါက Excel File အား Download ပြီးသားဖြစ်နေပါမည်။
Merge Contact လုပ်မည်ဖြစ်သောကြောင့် Mobile No. Column တွင် Duplicate Mobile No. ကိုရှာ၍ရပါသည်။
ထို့နောက် ERPNext Software ထဲသို့ပြန်သွားပြီး Contact list ကိုသွားပါ။
Merge ပြုလုပ်လိုသော Contact ကိုရွေးပါ။
Passive ဘေးမှ နာမည်အားနှိပ်ပေးပါက Rename Box ကျလာပါလိမ့်မည်။
Rename Box ကျလာပါက New Name တွင် Merge ပြုလုပ်လိုသော နာမည်အားဖြည့်ပေးပါ။
Merge With Existing တွင် အမှန်ခြစ်၍ Reaname ကိုနှိပ်ပေးပါ။
Confirm Box ကျလာပါက Yes ကိုနှိပ်ပေးပါ။
ထို့နောက် Contact List တွင်ကြည့်ပါက Contact နှစ်ခုပေါင်းသွားသည်ကိုတွေ့ရမည်ဖြစ်သည်။