to select ↑↓ to navigate
User Manual

User Manual

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Credit Note - Sales Return

ငွေ အကြေချေပြီးသော Sales Invoice အတွက် Sales Return ပြန်လိုပါက

Sales Invoice List မှ မိမိ Return ပြန်လိုသော Sales Invoice အစောင်ကို နှိပ်ပါ။

Create ကို နှိပ်ပြီး Return / Credit Note ကို နှိပ်ပါ။

Posting Date တွင် Return ပြန်သော Date ကို သတ်မှတ်ပါ။

Update Outstanding for self တွင် အမှန်ခြစ်ဖြုတ်ပါ။

မိမိ Warehouse တွင် ပစ္စည်းတစ်ခါတည်းဝင်ပါက Update Stock တွင် အမှန်ခြစ်ပါ။

Return ပစ္စည်းပြန်လက်ခံသည့် Warehouse ကို ရွေးချယ်ပါ။

Item တွင် Return မဟုတ်သော Item များကို Select ပေးပြီး Delete ကိုနှိပ်ပါ။

Qty တွင် Return ပြန်မည့် အရေအတွက်ကို minus (-) ဖြင့်ထည့်ပါ။

Save >> Submit >> Yes ကို နှိပ်ပါ။

ထို့နောက် Sales Invoice List တွင် Return Invoice နှင့် ယခင် Sales Invoice အတွက် Status တွင် Credit Note Issued အနေဖြင့် ပြပေးနေမည်ဖြစ်သည်။

Return ပြန်လိုက်သော ပစ္စည်းအရေအတွက်ကို ငွေပြန်အမ်းမည်ဆိုပါက

Sales Invoice မှ Credit Note Issued ဖြစ်နေသောအစောင်ကို ရွေးပါ။

Create Payment ကို နှိပ်ပါ။

Posting Date တွင် ငွေပြန်အမ်းလိုက်သော Date ကို သတ်မှတ်ပါ။

Mode of Payment တွင် ငွေပြန်အမ်းလိုက်သော Cash Book ကို ရွေးပါ။

Paid Amount တွင် ပြန်အမ်းငွေ Amount ကို ထည့်ပါ။

Save >> Submit >> Yes ကို နှိပ်ပါ။

ထို့နောက် Payable Report တွင် စစ်နိုင်ပါသည်။

Last updated 4 hours ago
Was this helpful?
Thanks!