Shift Type သတ်မှတ်ပုံ
###Attendance စနစ်ကို တိကျမှန်ကန်စွာ တွက်ချက်နိုင်ရန် Shift Type Setup ကို မှန်ကန်စွာ သတ်မှတ်ရန်လိုအပ်ပါသည်။

-
Shift ၏ စတင်ချိန်နှင့် ပြီးဆုံးချိန်ကို မှန်ကန်စွာ ဖြည့်သွင်းပါ။
-
Auto Attendance စနစ်အသုံးပြုရန် Enable Auto Attendance ကို On ပြုလုပ်ပါ။
-
Determine Check-in and Check-out တွင် Shift တစ်ခုတည်းအတွင်းမှာ IN / OUT ကို အလှည့်ကျဝင်သည့်အနေဖြင့် သတ်မှတ်မည်ဖြစ်သောကြောင့် Alternating entries as IN and OUT during the same shift ကိုရွေးပါ။
-
Working Hour Calculation Based on တွင် ပထမဆုံးဝင်သည့် Check-in နှင့် နောက်ဆုံးထွက်သည့် Check-out ပေါ်မူတည်ပြီး တွက်မည်ဖြစ်သဖြင့် First Check-in and Last Check-out ကိုရွေးချယ်ပါ။
-
Begin check-in before shift start time (in minutes) တွင် Shift Start Time မစတင်မီ ဘယ်နှစ်မိနစ်ကြိုတင် Check-in လုပ်ခွင့်ပြုမည်ကိုသတ်မှတ်ပါ။
-
Allow check-out after shift end time (in minutes) တွင် Shift End Time ပြီးသည့်နောက် ဘယ်နှစ်မိနစ်အထိ Check-out လုပ်ခွင့်ပြုမည်ကို သတ်မှတ်ပါ။
-
Working Hours Threshold for Half Day တွင် Working Hour ဘယ်နှစ်နာရီအောက်ကို နေ့တစ်ဝက်သတ်မှတ်မည်ကို ရွေးချယ်ပါ။
-
Working Hours Threshold for Absent တွင် Working Hour ဘယ်နှစ်နာရီအောက်ကို ပျက်ကွက်အနေဖြင့် သတ်မှတ်မည်ကို ရွေးချယ်ပါ။
-
Process Attendance After တွင် သတ်မှတ်ထားသော Shift ကို မည်သည့်ရက်ပြီးသည့်နောက်ပိုင်းတွင် စတင်အသုံးပြုမည်ကိုသတ်မှတ်ပါ။
10.Check-in Data များ Sync ဖြစ်သည့်အချိန်ကို စနစ်မှ အလိုအလျောက် Update ပြုလုပ်နိုင်ရန် Automatically update Last Sync of Checkin တွင် အမှန်ခြစ်ထည့်ပါ။

-
Enable Late Enty Making တွင် Ticking ခြစ်ပြီး Late Entry Grace Period တွင် Shift Start Time စပြီး မည်မျှအကြာတွင် ဝင်လာပါက Late ဖြစ်မည်ကို Minute သတ်မှတ်ပါ။
-
Enable Early Exist Making တွင် Ticking ခြစ်ပြီး Early Exit Grace Period တွင် Shift End Time မတိုင်မီ မည်မျှအကြာတွင် ထွက်ပါက Early Exit ဖြစ်မည်ကို Minute သတ်မှတ်ပါ။
ဤကဲ့သို့ Shift Type ကို အဆင့်ဆင့်လုပ်ဆောင်နိုင်ပါသည် ။