---
title: "Stock Reconciliation"
space: "User Manual"
url: "https://docs.bcncl.com/user/manual/stock-reconciliation"
updated: "2026-06-03"
---

**လုပ်ငန်းတွင်အရောင်းအဝယ်ပြုလုပ်သော ကုန်ပစ္စည်းများ၏ အရေအတွက်သော်လည်းကောင်း၊ တန်ဖိုးကိုလည်းကောင်း ပြန်လည်၍ တန်ဖိုးသင့်ခြင်း ၊ qtyညှိခြင်းများအားလုပ်ဆောင်လိုပါက Stock Reconciliation ကိုအသုံးပြုနိုင်သည်။**

**Stock Reconciltion ထည့်သွင်းရန်အတွက်**


> Home > Stock > Tools > Stock Reconciliation > Add Stock Reconcillation
> 
> 

* Posting Date တွင် စာရင်းညှိမည့် နေ့ကိုရွေးချယ်ပါ။
* Positing Time တွင် မိမိစာရင်းညှိလိုသော အချိန်အားရွေးချယ်နိုင်ပါသည်။
* Purpose တွင် စာရင်းညှိနှိုင်းမည်ဖြစ်သောကြောင့် Stock Reconciliation ကို ရွေးချယ်ပါ။

![](/files/AR1RsjT.png)  


* Default Warehouse တွင် ကုန်ပစ္စည်းစာရင်းညှိမည့် Warehouse အားရွေးချယ်ပါ။
* Item Code တွင် စာရင်းညှိမည့် ကုန်ပစ္စည်းကို ရွေးချယ်ပါ။
* Qty တွင် ရွေးချယ်ထားသော နေ့အထိတွင်ရှိသည့် အရေအတွက်အား ကျမည်ဖြစ်ပါသည်။ Qty ညှိလိုပါက Qty တွင် ပြင်ဆင်၍ ထည့်သွင်းနိုင်ပါသည်။
* Valuauation Rate တွင် ရွေးချယ်ထားသော နေ့အထိတွင်ရှိသည့် ပစ္စည်း၏တစ်ခုတန်ဖိုးအားကျမည်ဖြစ်ပါသည်။ တန်ဖိုးအားညှိနှိုင်းလိုခြင်းဖြစ်ပါက Valuation Rate တွင်ပြန်ဆင်နိုင်ပါသည်။

![](/files/2UEuTNE.png)  


* Difference Account တွင် စာရင်းညှိနှိုင်းရာတွင်ဖော်ပြမည့် Account အားရွေးချယ်ပါ။
* Cost center တွင်ထိုစာရင်းညှိနှိုင်းရာတွင် ပြေင်းလဲသွားသည့်တန်ဖိုးအတွက် ကျခံမည့် cost center အားရွေးချယ်ပါ။
* Save, Submit လုပ်ပါ။

![](/files/euUuKY6.png)
* ထည့်သွင်းလိုက်သော Stock Reconcillation အစောင်အားတွေ့မြင်ရပါမည်

![](/files/a4TLfT5.png)
* ထိုအစောင်အတွက် Stock Ledger & Account Ledger များအား ထည့်သွင်းထားသည့်အစောင်ထဲသို့ဝင် View ကိုနှိပ်၍ ကြည့်ရှု့နိုင်ပါသည်။

* Stock Ledger တွင်
	+ Qty တွင်ညှိထားပါက Qty ပြောင်းမည်ဖြစ်ပြီး
	+ Rate တွင်ညှိထားပါက Rate ပြောင်းသွားကြောင်းတွေ့မြင်ရမည်ဖြစ်ပါသည်။
* Account Ledger တွင်ကြည့်ရှု့ပါက ညှိထားသော စာရင်းအတွက်ချိတ်ထားသည့် Acc ဖြင့်ကျမည်ဖြစ်ပါသည်။

  


![](/files/BBxYSyZ.png)  


![](/files/HwpWHHG.png)
