---
title: "Stock Entry Manufacture"
space: "User Manual"
url: "https://docs.bcncl.com/user/manual/stock-entry-manufacture"
updated: "2026-06-03"
---

ပစ္စည်းများထုတ်လုပ်ပြီးသောကြောင့်ထွက်ရှိလာသော ပစ္စည်းများ၏ စာရင်းထည့်သွင်းရန်အတွက် နည်းလမ်း(၂)မျိုးအား ERPNext တွင်ထည့်သွင်းနိုင်ပါသည်။

1. Work Order မှတစ်ဆင့် Manufacturing ထည့်သွင်းနည်း
2. Stock Entry မှတိုက်ရိုက် Manufacturing ထည့်သွင်းနည်း

1) Work Order မှတစ်ဆင့် Manufacturing ထည့်သွင်းနည်း
---------------------------------------------------

**ပစ္စည်းများထုတ်လုပ်ရန်အတွက် ထုတ်လုပ်ရမည့်အရေအတွက်အား Work Order ချထားပြီး ပစ္စည်းထွက်ရှိလာပါက ထွက်ရှိလာသော ပစ္စည်းများအား Work order မှတစ်ဆင့် Stock အဝင်ထည့်သွင်းနိုင်ပါသည်။**

**ထွက်ရှိလာသည့်ပစ္စည်းစာရင်းအားထည့်သွင်းရန်အတွက်**


> Home > Manufacturing > Work Order ကိုနှိပ်ပါ။
> 
> 

* Work order Form မှ Finish ကိုနှိပ်ပါ။

* Qty to manufacturing တွင် ပစ္စည်းထွက်ရှိလာသည့်အရေအတွက်အားထည့်သွင်းပါ။

* Create ကိုနှိပ်ပါ။

![](/files/Screenshot 2023-08-16 140938.png)

* Edit Posting Date & Time တွင်အမှန်ခြစ်ထည့်၍ ထုတ်လုပ်သည့်ရက်/အချိန်များအား ပြင်ဆင်လိုပါက ပြင်ဆင်ပါ။

![](/files/Screenshot 2023-08-16 142242.png)

* အသုံးပြုသည့်အရေအတွက်များအားပြင်ဆင်လိုပါက item ဇယားတွင်ပြင်ဆင်နိုင်ပါသည်။

* Update Rate & Available ကိုနှိပ်ပါ။

![](/files/Screenshot 2023-08-16 144704.png)

* Additional Cost တွင် ထုတ်လုပ်မှုအတွက်ကုန်ကျစရိတ်များအားလည်း ထုတ်လုပ်သည့်ပစ္စည်း၏ စရိတ်တွင်ကျခံလိုပါက Additional Cost တွင်ထည့်သွင်းပေးရပါမည်။

* Add Row ကိုနှိပ်ပါ။

* Expenses Account တွင် စရိတ်ကျခံမည့် Account အားရွေးချယ်ပါ။

* Amount တွင် ကျခံမည့် amount အားထည့်သွင်းပါ။

* Save > Submit နှိပ်ပါ။

![](/files/Screenshot 2023-08-16 145521.png)

* ထည့်သွင်းလိုက်သော Manufacturing အား Stock Entry List တွင်တွေ့မြင်ရပါမည်။

* Manufacturing ထည့်သွင်းလိုက်သည့်အတွက် ထုတ်လုပ်သည့်ပစ္စည်းတွင် stock တိုး၍ ထုတ်လုပ်ရန်အတွက် အသုံးပြုလိုက်သော stock များတွင် ကုန်ပစ္စည်းလျော့သွားကြောင်းအားလည်း stock ledger များတွင်စစ်ဆေးနိုင်ပါသည်။

![](/files/t06AniU.png)

2) Stock Entry မှတိုက်ရိုက် Manufacturing ထည့်သွင်းနည်:
-------------------------------------------------------

  


  


  


