---
title: "Staffing Plan"
space: "User Manual"
url: "https://docs.bcncl.com/user/manual/staffing-plan"
updated: "2026-06-03"
---

### မိမိလုပ်ငန်းတွင် ဝန်ထမ်းခန့်အပ်မှုအရေအတွက်ကို သတ်မှတ်ထားလိုပါက.....

>> HR > Recruitment > Staffing Plan ကိုသွားပေးရပါမည်။

![sp11](/files/sp11.jpg)

- Add Staffing Plan ကိုနှိပ်ပေးရပါမည်။

![sp12](/files/sp12.png)

- Name တွင် မိမိသတ်မှတ်ထားလိုသော Staffing Plan Name ကိုရေးပေးရပါမည်။
- From Date နှင့် To Date တွင် ၎င်း Staffing Plan ကိုအသုံးပြုမည့်အချိန်ကာလအပိုင်းအခြားကိုသတ်မှတ်ပေးရပါမည်။
- Staffing Plan ကို Department အလိုက်သတ်မှတ်ထားချင်ပါက Department နေရာတွင် မိမိသတ်မှတ်လိုသော Department Name ကိုထည့်လို့ရပါသည်။

![sp13](/files/sp13.png)

Staffing Plan Details တွင် ခန့်အပ်လိုသော ရာထူးအလိုက်၊ဝန်ထမ်းအရေအတွက်အလိုက်နှင့် ခန့်မှန်းကုန်ကျငွေလစာကိုသတ်
မှတ်နိုင်ပါသည်။

- Designation နေရာတွင် မိမိလုပ်ငန်းကခန့်အပ်လိုသော ရာထူးနေရာကိုထည့်ပေးရပါမည်။
- Vacancies တွင် ခန့်အပ်လိုသော ဝန်ထမ်းအရေအတွက်ကို ထည့်ပေးရပါမည်။
- Estimated Cost Per Position နေရာတွင် Position တစ်ခုချင်းစီအလိုက် ခန့်မှန်းကုန်ကျငွေကို ထည့်ပေးရပါမည်။
- မိမိသတ်မှတ်လိုသည်များကို ဖြည့်သွင်းပြီးပါက Save နှိပ်ပေးပါ။ 
- ထည့်သွင်းထားသော အချက်အလက်များကို မပြည့်စုံသေးပါက Draft အနေဖြင့်ထားပေးရပါမည်။
- မိမိထည့်သွင်းထားသောအချက်အလက်များကို စစ်ဆေးပြီး မှန်ကန်ပြည့်စုံသည်ဆိုပါက Submit ကိုနှိပ်ပေးရပါမည်။
- Total Estimated Budget တွင် ခန့်မှန်းကုန်ကျစာရင်းလေးကိုတွေ့နိုင်ပါသည်။

![sp14](/files/sp14.png)

- Staffing Plan List တွင်မိမိတို့သတ်မှတ်ထားသော Staffing Plan များကိုစစ်ကြည့်နိုင်ပါသည်။

![sp15](/files/sp15.png)

