---
title: "Selling Asset"
space: "User Manual"
url: "https://docs.bcncl.com/user/manual/selling-asset"
updated: "2026-06-03"
---

Selling Assets ဆိုသည်မှာ လုပ်ငန်းတွင်အသုံးပြုရန်အတွက် ဝယ်ယူထားသောပစ္စည်းများအားပြန်လည်ရောင်းချခြင်းအားစာရင်းသွင်းခြင်းကို Selling Assets ဟုခေါ်ပါသည်။

#### လုပ်ငန်းတွင် ရှိသော ပုံသေပိုင်ပစ္စည်းများကို ရောင်းချမည်ဆိုပါက အောက်ပါအတိုင်းစာရင်းထည့်သွင်းနိုင်ပါသည်။

* လုပ်ငန်းတွင်ရှိသော ပုံသေပိုင်ပစ္စည်းကို‌ရောင်းချမည်ဆိုပါက Asset ထဲကိုဝင်ပါ။
* Asset တွင် စာရင်းသွင်းထားသော Asset ပစ္စည်းစာရင်းကိုအောက်ပါအတိုင်း တွေ့ရပါမည်။
* လုပ်ငန်းမှ ပြန်လည်‌ရောင်းချလိုသော Asset ထဲကိုဝင်ပါ။

![](/files/sa1.PNG)

* Manage ကိုနှိပ်ပါ။

![](/files/sa2.PNG)

* Sell Asset ကိုနှိပ်ပါ။

![](/files/EY5r9za.png)

* New Sales Invoice တစ်စောင်ကျလာပါမည်။
* Asset ဝယ်ယူသော Customer Name ကိုထည့်ပေးရပါမည်။
* Date နှင့် Posting Time တွင်အချိန်ပြောင်းလိုပါက Edit Posting Date and Time တွင်အမှန်ခြစ်ထည့်ပြီးပြောင်းလို့ရပါမည်။

![](/files/sa4.PNG)

* Item တွင် Customer ဝယ်ယူသော Asset Item ကိုထည့်ပါ။
* Qty တွင် Customer ဝယ်ယူသော အရေအတွက်ကို ထည့်ပါ။
* Rate တွင် ရောင်းချမည့် Asset ၏တန်ဖိုးကို ထည့်ပါ။
* Save ကိုနှိပ်ပါ။

![](/files/sa5.PNG)

* View ကိုနှိပ်ပြီး Accounting Ledger ကိုစစ်ဆေးကြည့်နိုင်ပါသည်။

![](/files/sa6.PNG)

* Asset List တွင်ကြည့်ပါကလည်း ရောင်းချလိုက်သော Asset ၏ Status တွင် Sold ဟုပြောင်းသွားသည်ကို အောက်ပါအတိုင်း တွေ့ရပါမည်။

![](/files/sa7.PNG)
