---
title: "Repairing Asset"
space: "User Manual"
url: "https://docs.bcncl.com/user/manual/repairing-asset"
updated: "2026-06-03"
---

Repairing Asset ဆိုသည်မှာလုပ်ငန်းတွင်အသုံးပြုရန်ဝယ်ယူထားသောပုံသေပိုင်ပစ္စည်းများဖြစ်သည့် စက်ပစ္စည်းများ၊ ရုံးခန်းသုံးပစ္စည်းများနှင့် အခြားသောပစ္စည်းများအား ပြန်လည်ပြုပြင်သည့်အခါတွင် Reparing Assets ဟုခေါ်သည်။
#### Asset ပစ္စည်းများကိုပြန်လည်ပြုပြင်ခြင်းများ ပြုလုပ် ပါက Repairing Assets တွင်စာရင်းသွင်းနိုင်ပါသည်။

* Asset ပစ္စည်းများကို ပြုပြင်ရန်အတွက် Asset ထဲကိုဝင်ပါ။
* Asset တွင်စာရင်းသွင်ထားသော Asset ပစ္စည်းစာရင်းကို အောက်ပါအတိုင်းတွေ့ရပါမည်။
* Repair လုပ်မည့် Asset ပစ္စည်းလေးကိုရွေးပေးရပါမည်။

![](/files/I0oHoSR.png)

* Manage ကိုနှိပ်ပါ။

* Repair Asset ကိုနှိပ်ပါ။

![](/files/KgPxdjd.png)

* Repair Details အောက်တွင်ရှိသော Failure Date တွင် Asset ပျက်စီးသွားသည့် ရက်ကိုထည့်ပါ။

![](/files/rp2.PNG)

* Accounting Details ‌အောက်တွင်ရှိသော Repair Cost တွင် ပြင်ဆင်သည့်အချိန်တွင် ကုန်ကျသည့်စရိတ်ကိုထည့်ပေးရပါမည်။

![](/files/rp3.PNG)

* Description အောက်တွင်ရှိသော Error Description တွင် Asset ပျက်စီးသည့်အကြောင်းအရာကို ထည့်ပေးရပါမည်။
* Actions Performed တွင်လုပ်ဆောင်ခဲ့သည့် အကြောင်းအရာကိုထည့်ပေးရပါမည်။
* Save ကိုနှိပ်ပါ။

![](/files/rp4.PNG)

* Repair Details အောက်တွင်ရှိသော Repair Status တွင် Complete ကိုရွေးချယ်ပေးရပါမည်။
* Completed ကိုရွေးချယ်ပြီးပါက Completion Date ကိုထည့်ပေးရပါမည်။

![](/files/rp5.PNG)

* Purchase Invoice တွင် Asset အတွက် Repair လုပ်ရာတွင် လိုအပ်သော ပစ္စည်းများကိုဝယ်ယူထားသော ဘောင်ချာနံပါတ်လေးကို ထည့်ပေးရပါမည်။

![](/files/rp6.PNG)

* (1)Capitalized Repair Cost တွင်အမှန်ခြစ်ခဲ့မည်ဆိုလျှင် Repair Cost ကို Asset ၏တန်ဖိုးသို့ ပေါင်းထည့်ပါမည်။

![](/files/rp7.PNG)

* Asset Depreciation Details အောက်တွင်ရှိသော Increase In Asset Life(Months) တွင် Asset Life တိုးမည့် လကိုထည့်လို့ရပါမည်။

![](/files/rp8.PNG)

* (2)Stock Consumed During Repair ကို အမှန်ခြစ်ပေးခဲ့မယ်ဆိုလျှင်

  


![](/files/rp9.PNG)

* Stock Items အကွက်၏ Item တွင် Repair လုပ်ရာတွင်သုံးလိုက်သောပစ္စည်းစာရင်းကိုထည့်ပေးရပါမည်။
* Save နှိပ်ပြီး Submit ကိုနှိပ်ပေးရပါမည်။

![](/files/rp10.PNG)

* ပြင်ဆင်ချိန်တ္ငင်ကုန်ကျငွေစုစုပေါင်းတန်ဖိုးကိုတွေ့မြင်ရပါမယ်။

![](/files/rp11.PNG)

* Asset Repair List တွင် Repair လုပ်ထားသော Asset ၏ Status တွင် Complete ဟုပြောင်းသွားသည်ကို တွေ့ရပါမည်။
* Asset List တွင်လည်း Depreciation ချသောလအရေအတွက် တိုးသွားသည်ကိုအောက်ပါအတိုင်း‌ တွေ့ရပါမည်။

![](/files/rp12.PNG)
