---
title: "Quiz"
space: "User Manual"
url: "https://docs.bcncl.com/user/manual/quiz"
updated: "2026-06-03"
---

ကျောင်းသား/ကျောင်းသူများအတွက် ဉာဏ်စမ်းပဟေဠိလေးများ ထည့်သွင်းထားလိုပါက -

![](/files/113819c.png)

Quiz ကိုနှိပ်ပါ။

![](/files/23.png)

Add Quiz ကိုနှိပ်ပါ။

![](/files/24.png)

Title တွင် ဉာဏ်စမ်းပဟေဠိခေါင်းစဥ်ကိုထည့်သွင်းပါ။
Question ထဲရှိဇယားတွင် Question Link ကိုနှိပ်ပါ။
Create a new question ကိုနှိပ်ပါ။

![](/files/25.png)

Question တွင် မေးခွန်းကိုထည့်သွင်းပါ။

![](/files/26.png)

Options တွင် ရွေးချယ်စရာ အဖြေများကိုထည့်သွင်းပါ။
Is Correct တွင် မှန်ကန်သောအဖြေကိုအမှန်ခြစ်ထည့်သွင်းပါ။
Save ကိုနှိပ်ပါ။

![](/files/27.png)

ထည့်သွင်းထားသော Question များကိုတွေ့ရမည်။

![](/files/28.png)

Quiz Configuration တွင် Quiz နှင့်ပတ်သက်သော ကန့်သတ်ချက်များကိုထည့်သွင်းနိုင်ပါသည်။
Passing Score တွင် ပေးမှတ် 100 တွင်ရှိရမည့် အောင်မှတ်ကိုထည့်သွင်းပါ။
Max Attempts တွင် Quiz ဖြေဆိုနိုင်သည့် အကြိမ်အရေအတွက်ကိုထည့်သွင်းပါ။
Grading Basis တွင် နောက်ဆုံးဖြေဆိုထားသည့်အများဆုံးအမှတ်ယူမည်လား (သို့မဟုတ်) နောက်ဆုံးဝင်ရောက်ထားသည့်အမှတ်ကိုယူမည်လား ကိုရွေးချယ်ပါ။
အချိန်အကန့်အသတ်ကို ထားရှိလိုပါက Is Time-Bound ကိုအမှန်ခြစ်ပါ။
Duration တွင် အချိန်ကာလကိုထည့်သွင်းပါ။
အချက်အလက်များ ပြည့်စုံပြီဆိုပါက Save ကိုနှိပ်ပါ။

![](/files/29.png)

ထည့်သွင်းထားသော ဉာဏ်စမ်းပဟေဠိလေးကို တွေ့ရမည်ဖြစ်သည်။
