---
title: "Payment Terms Template"
space: "User Manual"
url: "https://docs.bcncl.com/user/manual/payment-terms-template"
updated: "2026-06-03"
---

မိမိလုပ်ငန်းတွင် Payment Terms များသတ်မှတ်ထားပြီး ငွေပေးချေမှုစည်းမျဥ်းများအတွက် Template များသတ်မှတ်ထားနိုင်သည်။ (ဥပမာ - ငွေပေးချေသည့်အခါတွင် ပစ္စည်းရပြီး 7ရက်အတွင်း 50% ပေးချေရမည်ဖြစ်ပြီး နောက်ထပ် 7 ရက်ကြာသည့်အခါတွင် ကျန်ရှိသည့် 50% အားပေးချေရမည်ဖြစ်ပါက Payment Terms Template ထား၍ သတ်မှတ်နိုင်သည့် နည်းလမ်းအား အောက်ပါတွင်ကြည့်ရှု့နိုင်ပါသည်။)

ကြိုတင်လုပ်ဆောင်ရမည့်အချက်
--------------------------

Payment Terms ဦးစွာသတ်မှတ်ပေးရန်လိုအပ်ပါသည်။

[Payment Terms ထည့်သွင်းနည်း](https://docs.bcnerp.com/user/manual/payment-term) အသေးစိတ်အားကြည့်ရှု့နိုင်ပါသည်။

* Payment Terms Template သတ်မှတ်ရန်အတွက် Search Bar တွင် Payment Terms Template ဟုရိုက်ရှာရပါမည်။
* Add Payment Terms Template ကိုနှိပ်ပါ။

![](/files/9f9lBKL.png)

* Template Name တွင် မိမိသတ်မှတ်မည့် Template Name တစ်ခုကို သတ်မှတ်ပါ။
* Payment Terms တွင် မိမိချိတ်မည့် Payment Term ကိုရွေးချယ်ပါ။

![](/files/tSBz07x.png)

* Save ကိုနှိပ်ပါ။

![](/files/us95Mny.png)

* ထည့်သွင်းလိုက်သည့် Payment Terms Template ကို Payment Terms Template List တွင် အောက်ပါအတိုင်း တွေ့ရပါမည်။

![](/files/LMI6WZx.png)

  


