---
title: "Payment Term"
space: "User Manual"
url: "https://docs.bcncl.com/user/manual/payment-term"
updated: "2026-06-03"
---

အချို့သောလုပ်ငန်းများတွင် ငွေပေးချေမှုအား Invoice ရရှိသည်နှင့် ငွေအကုန်ပေးချေခြင်းမဟုတ်ဘဲ သဘောတူညီမှုများထားရှိပြီး ငွေပေးချေမှုစည်းမျဥ်းများထားရှိထားပါက Payment Terms အသုံးပြု၍ ထည့်သွင်းနိုင်သည်။ (ဥပမာ - Invoice ရရှိပြီး ရက်၃၀ အတွင်း ငွေအပြည့်ပေးချေရမည်ဖြစ်ပါက သတ်မှတ်နိုင်ပါသည်။)

Payment Term ကို Sales Order, Purchase Order, Sales Invoice, Purchase Invoice များနှင့် Quotation များတွင် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

Payment Term သတ်မှတ်ရန်အတွက်
----------------------------


> Accounting > Accounting Masters > Payment Terms
> 
> 

* Add Payment Term ကိုနှိပ်ပါ။

![](/files/crwRbGQ.png)

* Payment Term Name တွင် မိမိသတ်မှတ်မည့် Name ကိုထည့်ပါ။
* Invoice Potion (%) တွင် မိမိသတ်မှတ်မည့် Percentage ကိုထည့်ပါ။
* Due Date Base On တွင် Invoice ဖွင့်ပြီးငွေကောက်ခံမည်ဆိုပါက Day(s) After Invoice Date ကိုရွေးချယ်ပါ။
* Credit Days တွင် Due Date Base On ၌ရွေးချယ်ထားသည့်အပေါ်တွင်မူတည်ပြီး မိမိသတ်မှတ်မည့် Credit Days ကိုသတ်မှတ်ရပါမည်။
* Description တွင် မိမိထည့်လိုသည့် အကြောင်းအရာကိုထည့်ပါ။
* Save ကိုနှိပ်ပါ။

![](/files/SnxeE62.png)

* မိမိသတ်မှတ်လိုက်သည့် Payment Term Name ကို Payment Term List တွင်အောက်ပါအတိုင်းတွေ့ရပါမည်။

![](/files/VJlnFgv.png)

Related Topic
-------------

* Payment Terms Template
