---
title: "Opening Invoice Creation Too"
space: "User Manual"
url: "https://docs.bcncl.com/user/manual/opening-invoice-creation-too"
updated: "2026-06-03"
---

Credit Purchase (အကြွေးအဝယ်များအတွက် ပေးရန်ရှိ စာရင်းများ), Credit Sales (အကြွေးအရောင်းများအတွက် ရရန်ရှိ စာရင်းများကို စာရင်းအဖွင့်လက်ကျန်အနေဖြင့် ထည့်လိုလျှင် အသုံးပြုပါသည်။

* Company တွင် အကြွေးစာရင်းထည့်သွင်းလိုသော လုပ်ငန်း၏အမည်ကိုရွေးပါ။

* Invoice Type တွင် Sales (အရောင်း) သို့မဟုတ် Purchase (အဝယ်) ကိုရွေးပါ။

* Accounting Dimensions ကိုနှိပ်ပါ။

* Cost Center ရွေးပါ။

* Project သတ်မှတ်ထားပါက Project ကိုရွေးပါ။

* Invoice Table တွင် Add Row ကိုနှိပ်ပါ။

* Invoice Type တွင် Sales ကိုရွေးထားပါက Customer ID တွင် အကြွေးရရန်ရှိသော Customer ကို ရွေးပါ။

* Positing Date တွင် ဘောင်ချာ စဖွင့်သော ရက်စွဲကို ရွေးပါ။

* Due Date တွင် နောက်ဆုံးငွေပေးချေရမည့် ရက်စွဲကိုရွေးပါ။

* Item Name တွင် Opening Invoice ဖြစ်ရမည်။

* Outstanding Amount တွင် အကြွေးလက်ကျန်ငွေပမာဏကိုရိုက်ထည့်ပါ။

* နောက်ထပ် Customer or Supplier ကို ထပ်ထည့်လိုလျှင် Add Row ကိုနှိပ်၍ ထည့်ပါ။

* Add Row ပြုလုပ်မိ၍ Row များ ပိုသွားခဲ့လျှင် မလိုသော Row ကို အမှန်ခြစ်ပါ။

* Delete Row ကိုနှိပ်၍ ဖျက်ပါ။

* အချက်အလက်များ ပြည့်စုံမှန်ကန်လျှင် Create Invoices ကိုနှိပ်ပါ။

မှတ်ချက် = Invoice Type တွင် Sales ကိုရွေးပါက Invoice Table တွင် Customer ID နှင့် ပြပြီး Purchase ကိုရွေးထားလျှင် Supplier ID ကိုပြပေးနေပါမည်။
