---
title: "Multi Currency Accounting"
space: "User Manual"
url: "https://docs.bcncl.com/user/manual/multi-currency-accounting"
updated: "2026-06-03"
---

**မိမိလုပ်ငန်းတွင် Multiple Currency အသုံးပြု၍ အရောင်းအဝယ်စာရင်းများ ထည့်သွင်းမည်ဆိုပါက Payment Entry မှ Internal Transfer မှတစ်ဆင့် အသုံးပြုနိုင်ပါသည်။**

1. **Currency Exchange**
2. **Multi Currency အဝယ်စာရင်းထည့်သွင်းခြင်း**
3. **Multi Currency အရောင်းစာရင်းထည့်သွင်းခြင်း**

  


1. Currency Exchange Rate သတ်မှတ်ခြင်း

**Multi Currency အရောင်း၊အဝယ်စာရင်းများမသွင်းမီ ပထမဦးစွာ သက်ဆိုင်ရာ Exchange Rate သတ်မှတ်ပေးရပါမည်။**


> Accounting > Multi Currency > Currency Exchange
> 
> 

* Add Currency Exchange ကိုနှိပ်ပါ။

![](/files/4ett6Z4.png)  


* Date တွင် Exchange Rate သတ်မှတ်လိုသော Date ကိုထည့်ပါ။
* From Currency တွင် Exchange Rate သတ်မှတ်လိုသော Foreign Currency ကိုရွေးပါ။
* To Currency တွင် လုပ်ငန်း၏ Base Currency (eg.MMK) ကိုရွေးပါ။
* Exchange Rate ထည့်ပါ။
* Save ကိုနှိပ်ပါ။

![](/files/6CsWryg.png)  


* ထည့်သွင်းလိုက်သော Exchange Rate ကို Currency Exchange List တွင်အောက်ပါအတိုင်းတွေ့ရပါမည်။

![](/files/Om6OWol.png)  


2. Multi Currency အဝယ်စာရင်းထည့်သွင်းခြင်း
* Multi Currency အဝယ်စာရင်းထည့်သွင်းရန်အတွက် Accounting ထဲမှ Payment Entry ထဲကိုဝင်ပါ။


> Home > Accounting > Payment Entry
> 
> 

* Add Payment Entry ကိုနှိပ်ပါ။

![](/files/PDdPizK.png)  


* Payment Type တွင် Internal Transfer ကိုရွေးပါ။
* Posting Date တွင် အဝယ်စာရင်း ထည့်သွင်းသည့်ရက်ကို ထည့်ပါ။
* Mode of Payment တွင် ငွေထွက်မည့် Cash Book ကိုရွေးပါ။

![](/files/CtskK8o.png)  


* Account Paid To တွင် သက်ဆိုင်ရာ ဝယ်မည့် Currency Cash Book ကိုထည့်ပါ။

![](/files/4ESA7j0.png)  


* Received Amount (USD) တွင် ဝယ်လိုက်သည့် Currency Amount ကိုထည့်ပါ။
* Currency Amount ထည့်လိုက်ပါက သက်ဆိုင်ရာ Exchange Rate လာကျပါမည်။
* Exchange Rate နေရာတွင် သက်ဆိုင်ရာ Rate ကို ပြင်ဆင်ထည့်သွင်းနိုင်ပါသည်။
* Paid Amount တွင် Base Currency အနေဖြင့် ပေးလိုက်သော Amount ကိုထည့်ပါ။

![](/files/OqWw7MR.png)  


* Save >> Submit >> Yes ကနှိပ်ပါ။
* Multi Currency အနေဖြင့် အဝယ်စာရင်းထည့်သွင်းလိုက်ပါက General Ledger တွင် အောက်ပါအတိုင်း တွေ့ရပါမည်။

![](/files/qOkmfJA.png)  


3. Multi Currency အရောင်းစာရင်းထည့်သွင်းခြင်း
* Multi Currency အရောင်းစာရင်း ထည့်သွင်းရန်အတွက် Accounting ထဲမှ Payment Entry ထဲကိုဝင်ပါ။


> Home > Accounting > Payment Entry
> 
> 

* Add Payment Entry ကိုနှိပ်ပါ။

![](/files/5ze8RKA.png)  


* Payment Type တွင် Internal Transfer ကို‌‌ရွေးပါ။
* Posting Date တွင် Multi Currency အရောင်းစာရင်းထည့်သွင်းသည့် ရက်ကိုထည့်ပါ။
* Mode of Payment တွင် ငွေထွက်မည့် Currency Cash Book ကိုထည့်ပါ။

![](/files/8yJWaes.png)  


* Account Paid To တွင် ငွေဝင်မည့် သက်ဆိုင်ရာ Cash Book ကိုထည့်ပါ။

![](/files/FeMV1lI.png)  


* Paid Amount (USD) တွင် ရောင်းလိုက်သည့် Currency ၏ Amount ကိုထည့်ပါ။
* Currency Amount ရိုက်ထည့်လိုက်ပါက သက်ဆိုင်ရာ Exchange Rate ကျလာပါမည်။
* Exchange Rate နေရာတွင် သက်ဆိုင်ရာ Rate ကို ပြင်ဆင်ထည့်သွင်းနိုင်ပါသည်။
* Received Amount (MMK) တွင် Base Currency အနေဖြင့်ဝင်လာသည့် Amount ကိုထည့်ပါ။

![](/files/jeIcSCQ.png)  


* Save >> Submit>> Yes ကိုနှိပ်ပါ။
* ထည့်သွင်းလိုက်သည့် Multi Currency အရောင်းစာရင်းကို General Ledger တွင်အောက်ပါအတိုင်း တွေ့ရပါမည်။

![](/files/mHX1ub2.png)  


