---
title: "Material Request"
space: "User Manual"
url: "https://docs.bcncl.com/user/manual/material-request"
updated: "2026-06-03"
---

Material Request ဆိုသည်မှာ ပစ္စည်းများလိုအပ်သောင်ကြောင့် ထပ်မံဝယ်ယူရန် တောင်းဆိုခြင်း ၊ ပစ္စည်းလိုအပ်သောကြောင့် အခြားဂိုထောင်မှ ပစ္စည်းတောင်းခံခြင်း ၊ ပစ္စည်းများ error ဖြစ်ခြင်းကြောင့် ပစ္စည်းများ Damage ဖော်ရန်တောင်းဆိုခြင်း ၊ ပစ္စည်းများလိုအပ်သောကြောင့် ထပ်မံထုတ်လုပ်ရန် တောင်းခံခြင်း ၊ Customer ထံမှ Provide လုပ်ရမည့် Item များအတွက် တောင်းခံခြင်းများအားလုပ်ဆောင်နိုင်ပါသည်။

Material Request ထည့်သွင်းရန်အတွက်
----------------------------------


> Stock > Material Request > Add Material Request
> 
> 

* Purpose တွင် သက်ဆိုင်ရာ purpose အားရွေးချယ်ပါ။


	+ Purchase သည်ပစ္စည်းဝယ်ယူရန် တောင်းခံခြင်းဖြစ်ပါက Purchase အားရွေးချယ်ပါ။
	+ Material Transfer သည် ပစ္စည်းများလိုအပ်သောကြောင့် အခြား Warehouse မှတောင်းခံပါက ရွေးချယ်နိုင်ပါသည်။
	+ Material Issue သည်မိမိ Warehouse တွင် ပစ္စည်းများ Damage ဖြစ်သောကြောင့် Damage ချရန်အတွက် တောင်းဆိုခြင်းဖြစ်ပါက ရွေးချယ်နိုင်ပါသည်။
	+ Manufacture သည် ပစ္စည်းများလိုအပ်သောကြောင့် ထုတ်လုပ်ရန် တောင်းခံခြင်းဖြစ်ပါက ရွေးချယ်နိုင်ပါသည်။
	+ Customer Provide သည် Customer ထံမှ ပစ္စည်းများအား Provide လုပ်ခြင်းဖြစ်ပါက Customer Provide အားရွေးချယ်နိုင်ပါသည်။
* Transaction Date သည် ပစ္စည်းတောင်းခံသည့်ရက်အားရွေးချယ်ပါ။
* Required By သည် ပစ္စည်းလိုအပ်သည့်ရက်အားရွေးချယ်နိုင်ပါသည်။

![](/files/z6QVpok.png)

* Set Target Warehouse တွင် ပစ္စည်းလိုအပ်သည့် Warehouse အားရွေးချယ်နိုင်ပါသည်။

* Transfer Purpose အား Material Transfer ရွေးချယ်ထားပါက Source Warehouse ထပ်မံကျမည်ဖြစ်ပါသည်။ Source Warehouse တွင် ပစ္စည်းတောင်းခံထားသည် Warehouse အားရွေးချယ်နိုင်ပါသည်။

* Transfer Purpose အား Customer Provide အားရွေးချယ်ထားပါက ပစ္စည်းတောင်းခံထားသည့် Customer အမည်အားရွေးချယ်နိုင်ပါသည်။

* Item code တွင် ပစ္စည်းတောင်းခံထားသည့် Item များအားရွေးချယ်နိုင်ပါသည်။

* ပစ္စည်းတစ်ခုထက်ပို၍ ရွေးချယ်လိုပါက Add Row နှိပ်၍ ထပ်မံရွေးချယ်နိုင်ပါသည်။

* အားလုံးရွေးချယ်ပြီးပါက Save > Submit ကိုနှိပ်ပါ။

![](/files/AqELQ7D.png)

* ပစ္စည်းတောင်းခံထားသည့်အတွက် Status တွင် ပစ္စည်းများလက်ခံရရှိကြောင်း မထည့်သွင်းရသေးသည့်အတွက် Pending ဖြင့် ပြမည်ဖြစ်ပါသည်။

![](/files/WP76yuC.png)

တောင်းခံထားသည့်ပစ္စည်းများအားထုတ်ပေးရန်အတွက်
--------------------------------------------

* တောင်းခံထားသည့် Material Request ထဲသို့ဝင်၍ Create ကိုနှိပ်ပါ။

### Create နှိပ်သည်အခါတွင် Request သည် Purchase ဖြစ်ပါက

* Purchase Order ဖွင့်လိုပါက Purchase Order နှိပ်ပါ။


	+ Purchase Order ထည့်သွင်းနည်း
	
	
* Supplier များထံမှ Quotaion Request တောင်းခံခြင်းဖြစ်ပါက Request for Quotation ကိုနှိပ်ပါ။


	+ Request for Quotation ထည့်သွင်းနည်း
	
	
* Supplier တစ်ယောက်တည်းအား Quotation တောင်းခြင်းဖြစ်ပါက Supplier Quotation အားရွေးချယ်ပါ။


	+ Supplier Quotation ထည့်သွင်းနည်း

![](/files/pv2zhvd.png)

### Create နှိပ်သည့်အခါတွင် Request သည် Transfer ဖြစ်ပါက

* ပစ္စည်းတောင်းခံစာရွက်အား ဦးစွာထည့်သွင်းလိုပါက Pick list ကိုနှိပ်ပါ။


	+ Pick List ထည့်သွင်းနည်း
* ပစ္စည်းအား Transfer ထည့်သွင်းလိုပါက Material Transfer ကိုနှိပ်ပါ။


	+ Material Transfer ထည့်သွင်းနည်း
* ပစ္စည်းအား ဂိုထောင်ထဲသို့ တိုက်ရိုက်ထည့်သွင်းခြင်းမဟုတ်ဘဲ ကားပေါ်ရောက်၍ လာပိုနေသည့်အတွက် Transit ခံ၍ သုံးလိုပါက Material Transfer ( In Transit) အားနှိပ်ပါ။


	+ Material Transfer ( In Transit) ထည့်သွင်းနည်း

![](/files/2LKwiTx.png)

### Create နှိပ်သည်အခါတွင် Request သည် Material Issue ဖြစ်ပါက

* ပစ္စည်းအား Warehouse ထဲမှနုတ်ရန်အတွက် Issue Material ကိုနှိပ်ပါ။


	+ Issue Material ထည့်သွင်းနည်း

![](/files/LaDZi0s.png)

### Create နှိပ်သည်အခါတွင် Request သည် Manufacture ဖြစ်ပါက

* ပစ္စည်းထုတ်လုပ်ပေးရန်အတွက် work order ကိုနှိပ်ပါ။


	+ Work Order ထည့်သွင်းနည်း

![](/files/ztw0VmA.png)

### Create နှိပ်သည်အခါတွင် Request သည် Customer Provide ဖြစ်ပါက

* Customer ထံမှ ပစ္စည်းရရှိသည့်အခါတွင် ပစ္စည်းလက်ခံရရှိစာရင်းသွင်းရန်အတွက် Material Receipt ကိုနှိပ်ပါ။

	+ Material Receipt ထည့်သွင်းနည်း
	
	![](/files/Vn16hs2.png)
