---
title: "Material Request"
space: "User Manual"
url: "https://docs.bcncl.com/user/manual/material-request-v16"
updated: "2026-06-03"
---

Material Request (ကုန်ပစ္စည်းတောင်းခံခြင်း)

* Stock >>> Material Request ထဲသို့ဝင်ပါ။

* Add Material Request ကိုနှိပ်ပါ။

* Purpose တွင် Purchase ကိုရွေးပါ။

* Transaction Date ကို ရွေးပါ။

* Required by တွင် နောက်ဆုံးရောက်ရှိလိုသော ရက်စွဲကို ရွေးပါ။

* မည်သည့် ဂိုဒေါင်မှာ Request လုပ်သည်ကို သိလိုလျှင် Set warehouse ကို ရွေးပါ။

* Item Code တွင် လိုအပ်သော Item ၏ Code ကို ထည့်ပါ။

* Required By တွင် အထက်တွင်ရွေးထားသော Required By ရှိ ရက်ကို ဖော်ပြပေးပါမည်။

* Quantity တွင် အရေအတွက်ကို ရိုက်ထည့်ပါ။

* Warehouse တွင် အထက်တွင် ရွေးထားသည့် ဂိုဒေါင်ကို ဖော်ပြပေးပါမည်။

* UOM ‌ရွေးပါ။

* Save ကိုနှိပ်ပါ။ Status တွင် Draft နှင့် ပြပေးပါမည်။ Draft အခြေအနေတွင် ပြင်လိုသည်များ ရှိပါက ပြင်နိုင်ပါသည်။

* အချက်အလက်အားလုံးပြည့်စုံမှန်ကန်ပါက Submit, Yes ကိုနှိပ်ပါ။

* Status တွင် Pending နှင့် ပြပေးပါမည်။

* Report အနေဖြင့် Material Request Report တွင် စစ်ဆေးနိုင်ပါသည်။ Transaction မဆင်းပါ။
