---
title: "Manual Journal Entry for Fixed Asset Register"
space: "User Manual"
url: "https://docs.bcncl.com/user/manual/manual-journal-entry-for-fixed-asset-register"
updated: "2026-06-03"
---

##### ERPNext တွင် Fixed Asset ဝယ်ယူသည့်စာရင်းနှင့် တန်ဖိုးလျှော့ စာရင်းများကို  Journal Entry မှထည့်ပြီး Fixed Asset Register Report တွင် Asset စာရင်းကို စစ်မည်ဆိုပါက အောက်ပါအတိုင်း ထည့်သွင်းပေးရပါမည်။

## Fixed Asset အဝယ်စာရင်းမထည့်သွင်းမှီ Asset Category နှင့် Asset Item များကို ပထမဦးစွာ သတ်မှတ်ထားရန်လိုအပ်ပါသည်။

1. Asset Category ထည့်သွင်းနည်း                                                     
[Asset Category](https://docs.bcnerp.com/user/manual/asset-category)

2. Asset Item ထည့်သွင်းရန်အတွက် Stock Module ထဲမှ Item ထဲကိုဝင်ပါ။
- Add Item ကိုနှိပ်ပါ။

![](/files/Screenshot 2026-04-25 112443.png)

- Item Name တွင် Fixed Asset Item Name ကိုထည့်ပါ။
- Item Group တွင် Fixed Asset ကိုရွေးပါ။
- is Fixed Asset တွင် အမှန်ခြစ်ထည့်ပါ။
- Asset Category တွင် သက်ဆိုင်ရာ Asset နှင့်ဆိုင်သည့် အုပ်စုကိုရွေးပါ။
- ထို့နောက် Save ကိုနှိပ်ပါ။

![](/files/Screenshot 2026-04-25 112334.png)

#### အဝယ်စာရင်းကို Journal Entry မှထည့်သွင်းမှာဖြစ်သည့်အတွက် Accounting Module ထဲမှ Journal Entry ထဲကိုဝင်ပါ။
- Add Journal Entry ကိုနှိပ်ပါ။

![](/files/Screenshot 2026-04-26 100444.png)

- Posting Date တွင် Fixed Asset ပစ္စည်းဝယ်ယူသည့်ရက်ကို ထည့်သွင်းပါ။
- Account တွင် Electronic နှင့်ဆိုင်သည့် ပစ္စည်းကိုဝယ်ပါက Electronic Equipment Account ကိုရွေးပါ။
- Debit ဘက်ခြမ်းတွင် သက်ဆိုင်ရာ ပစ္စည်း၏ Cost ကိုထည့်ပါ။
- Add Row ကိုနှိပ်ပါ။
- ငွေသားဖြင့် ဝယ်ပါက Account တွင် Cash ကိုရွေးပါ။
- Save>> Submit>> Yes ကိုနှိပ်ပါ။

![](/files/Screenshot 2026-04-26 103049.png)

#### ထိုဝယ်ယူထားသည့် Asset ကို Fixed Asset Register Report တွင်စစ်ချင်ပါက အောက်ပါအတိုင်းဆက်လက် ထည့်သွင်းပေးရပါမည်။

- Asset List တွင် ဝယ်ယူထားသည့် Asset အား စာရင်းထည့်သွင်းပေးရပါမည်။
- Asset Module ထဲမှ Asset ထဲကိုဝင်ပါ။
- Add Asset ကိုနှိပ်ပါ။

![](/files/Screenshot 2026-04-26 111932.png)

- Item Code တွင် Fixed Asset Item Code ကိုထည့်ပါ။
- Asset Owner တွင် Company ကိုရွေးပါ။
- Asset စာရင်းကို Journal Entry မှ အဝယ်စာရင်းထည့်ထားသည့်အတွက်ကြောင့် Is Existing Asset တွင် အမှန်ခြစ်ထည့်ရပါမည်။
- Location တွင် Asset ထားမည့်နေရာကိုထည့်ပါ။

![](/files/Screenshot 2026-04-26 112915.png)

- Purchase Details အောက်တွင်ရှိသော Purchase Date တွင် Journal Entry မှအဝယ်ထည့်ထားသည့် ရက်ကိုထည့်ပါ။
- Available-for-use-Date တွင် Asset စပြီးအသုံးပြုမည့်ရက်ကို ထည့်ပါ။
- Net Purchase Amount တွင် Asset ဝယ်သည့်အချိန်တွင် ပေးရသည့် Cost ကိုထည့်ပါ။
- Asset Quantity တွင် ဝယ်ယူသည့်အရေအတွက်ကို ထည့်ပါ။
- Save>> Submit>> Yes ကိုနှိပ်ပါ။

![](/files/Screenshot 2026-04-26 115616.png)

#### လကုန်သည့်အချိန်တွင် Depreciation Journal များကို Manual ထည့်သွင်းရန်အတွက် Journal Entry ထဲကိုဝင်ပါ။
- Add Journal Entry ကိုနှိပ်ပါ။
- Entry Type တွင် Depreciation Entry ကိုရွေးချယ်ပါ။
- Posting Date တွင် လကုန်ရက်ကိုထည့်ပါ။
- Account တွင် Dep: Expenses Electronic Equipment  Account ကိုထည့်ပါ။
- Debit ဘက်ခြမ်းတွင် Asset ၏ တစ်လစာ Depreciation Amount ကိုထည့်ပါ။
- Add Row ကိုနှိပ်ပါ။
- Account တွင် Acc Dep: Electronic Equipment Account ကိုထည့်ပါ။

![](/files/Screenshot 2026-04-26 125624.png)

### Fixed Asset Register Report တွင်စစ်လို့ရရန်အတွက် ထို Journal တွင် Asset အစောင်၏ Reference No. အားပြန်တွဲပေးရန်လိုအပ်ပါသည်။
- Row 1အကြောင်းတွင်ရှိသော ခဲ့တံပုံ Edit Line ထဲကိုဝင်ပါ။
- Reference အောက်တွင်ရှိသော Reference Type တွင် Asset ကိုရွေးပါ။
- Reference Name တွင် Asset အစောင်၏နံပါတ်ကို ထည့်ပါ။
- ထို့နောက် Row 2 အကြောင်းတွင်လည်း အထက်ပါအတိုင်းလုပ်ဆောင်ပါ။
- ထို့နောက် Journal အစောင်အား Save>> Submit>> Yes ကိုနှိပ်ပါ။

![](/files/Screenshot 2026-04-26 125051.png)

#### အထက်ပါအဆင့်အတိုင်းထည့်သွင်းပြီးပါက Fixed Asset Register Report တွင် တစ်လစာ Depercation တွက်သွားသည့် Amount ကို အောက်ပါအတိုင်း စစ်ကြည့်လို့ရပါမည်။

![](/files/Screenshot 2026-04-26 125953.png)