---
title: "Item-wise Sales Register Report"
space: "User Manual"
url: "https://docs.bcncl.com/user/manual/item-wise-sales-register-report"
updated: "2026-06-03"
---

### လုပ်ငန်း အနေဖြင့် Sales Invoice အရ မည်သည့် ကုန်ပစ္စည်း အမျိုးအစားများကို မည်သည့် ဈေးနှုန်းဖြင့် အရေအတွက် မည်မျှ ရောင်းချထားသည်ကို အသေးစိတ် သိရှိလိုပါက Item-wise Sales Register Report တွင်ကြည့်ရှုနိုင်ပါသည်။

- Search Bar မှ Item-wise Sales Register Report ကိုရိုက်ရှာနိုင်ပါသည်။

![](/files/its1.PNG)

- လုပ်ငန်းမှ ရောင်းချထားသည့် ကုန်ပစ္စည်း အမျိုးအစား၊ အရေအတွက်၊ ဈေးနှုန်းတို့ကို အသေးစိတ်တွေ့ရပါသည်။

![](/files/its5.PNG)

- From Date/To Date တွင် မိမိကြည့်ရှုလိုသည့် ကာလအပိုင်းအခြားကို ရွေးချယ်ကြည့်ရှုနိုင်သည့် အပြင် Group By တွင် Customer, Item Group, Item, Invoice အလိုက် ရွေးချယ်ကြည့်ရှုနိုင်ပါသည်။ 
 
- Customer, Item Group, Item, Invoice အလိုက် Group By လုပ်၍ကြည့်ရှုပါက သက်ဆိုင်ရာ Transaction များကို Group အနေဖြင့် ဖော်ပြပေးခြင်းဖြစ်ပါသည်။

![](/files/its2.PNG)

- အစက်သုံးစက် Menu ကိုနှိပ်၍ PDF File, Print, Excel Export ထုတ်၍လည်းကြည့်ရှုနိုင်ပါသည်။

![](/files/its3.PNG)

- မိမိထုတ်ကြည့်လိုသည့် PDF, Print, Export ကိုနှိပ်ပါ။

![](/files/its4.PNG)

- PDF File နှင့် Print ထုတ်ကြည့်ရာတွင် Pick Columns ကိုနှိပ်၍လိုအပ်သည့် Columns များထပ်တိုးကြည့်ရှုနိုင်ပါသည်။
