---
title: "Item Attribute"
space: "User Manual"
url: "https://docs.bcncl.com/user/manual/item-attribute"
updated: "2026-06-03"
---

Item Atrribute သည် Item Varient အသုံးပြုရန်အတွက် လိုအပ်သည့် Colour / Size etc.. အစရှိသော Attribute များအား ကြိုတင်သတ်မှတ်ထားနိုင်သည့် form တစ်ခုဖြစ်ပါသည်။

Item Attribute ထည့်သွင်းရန်အတွက်

1. ရှိပြီးသား Attributer တွင် လိုအပ်သည်များ ထပ်မံထည့်သွင်းခြင်း
2. Attribute မရှိသေးသောအရာများအတွက် Attribute အသစ်ထည့်သွင်းခြင်း

1) ရှိပြီးသား Attribute တွင် လိုအပ်သည်များ ထပ်မံထည့်သွင်းခြင်း
--------------------------------------------------------------

ဥပမာ - Colour Attribute ထည့်သွင်းထားပြီး Colour Attribute တွင် Pink colour လိုအပ်သောကြောင့် ထပ်မံတိုးလိုပါက


> Stock > Setting > Item Attribute 
> 
> 

* Colour တွင်ထပ်တိုးမည်ဖြစ်သဖြင့် ထည့်သွင်းပြီးသားရှိသည့် colour ကိုနှိပ်ပါ။

![](/files/qEpKNdj.png)
* Item Attribute Values ဇယားတွင် Add Row ကိုနှိပ်၍ ကျလာသော အကွက်၏ Attribute Value တွင် မိမိထည့်သွင်းမည့် အမည်အားထည့်သွင်းပါ။ (ဥပမာ - pink colour ထည့်သွင်းမည်ဖြစ်သောကြောင့် pink ဟုတ်ထည့်သွင်းပါ။)
* Abbreviation တွင် ထည့်သွင်းလိုက်သော နာမည်အတွက် အတိုကောက်သတ်မှတ်မည့် စာလုံးအားထည့်သွင်းပါ။
* Save နှိပ်ပါ။

![](/files/7tMMbPX.png)
* မိမိထည့်သွင်းလိုက်သောအရာအား Item Varient ဖြင့် Item အသစ်ထည့်သွင်းသည့်အချိန်တွင် ရွေးချယ်နိုင်မည်ဖြစ်ပါသည်။

2) Attribute မရှိသေးသောအရာများအတွက် Attribute အသစ်ထည့်သွင်းခြင်း
----------------------------------------------------------------

Attribute တွင် သတ်မှတ်ထားခြင်းမရှိသေးသော Attribute အသစ်အားသတ်မှတ်ရန်အတွက်


> Stock > Setting > Item Attribute > Add Item Attribute 
> 
> 

ဥပမာ - Size Attribute အားသတ်မှတ်လိုပါက

* Attribute Name တွင် မိမိသတ်မှတ်မည့် Attribute name အားထည့်သွင်းပါ။
* Attribute Vale တွင် မိမိသတ်မည့် Value နာမည်များအားထည့်သွင်းပါ။( ဥပမာ- size တွင်ပါဝင်သည့် Small/ Medium/Large )
* Abbreviation တွင် Attribute Value တွင်သတ်မှတ်ထားသည့် အတိုကောက်အမည်အားသတ်မှတ်ပါ။
* Save နှိပ်ပါ။

![](/files/iqjlGl6.png)
* သတ်မှတ်ထားသည့် Attribute အမည်အားတွေ့မြင်ရမည်ဖြစ်ပါသည်။

![](/files/uNA6K5T.png)

  


  


  


