---
title: "Goods in Transit"
space: "User Manual"
url: "https://docs.bcncl.com/user/manual/goods-in-transit"
updated: "2026-06-03"
---

### ကုန်ပစ္စည်းများကို Warehouse တစ်ခုမှ အခြားတစ်ခုသို့လွှဲပြောင်းပို့ဆောင်ရာတွင် ပထမဂိုထောင်မှ ကုန်ပစ္စည်းထွက်သွားသော်လည်း နောက်ဂိုထောင်တွင် လက်ခံရရှိခြင်းမရှိသေးပဲ လွှဲပြောင်းလိုက်သည့် အခြေအနေတစ်ခုတွင် ရောက်ရှိနေခြင်းကို **Goods in Transit** ဟုဆိုလိုပါသည်။

### ERPNext တွင် Goods in Transit ကိုအောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။

ပထမဂိုထောင်မှထုတ်ပေးလိုက်သည့် ကုန်ပစ္စည်းစာရင်းအား ထည့်သွင်းရန် Stock ထဲမှ Stock Entry ကိုနှိပ်ပါ။

* Add Stock Entry ကိုနှိပ်ပါ။

![](/files/4c8c304.png)

* Stock Entry Type တွင် Material Transfer ကိုရွေးချယ်ပါ။

* Add to Transit ကိုအမှန်ခြစ်ပါ။

* Posting Date တွင် ကုန်ပစ္စည်းထည့်ပေးလိုက်သည့်နေ့ကို ထည့်သွင်းပါ။

![](/files/5bd42aa.png)

* Default Source Warehouse တွင် ကုန်ပစ္စည်းထုတ်ပေးလိုက်သည့် Warehouse ကိုရွေးချယ်ပါ။

* Default Target Warehouse တွင် ကြားခံ Warehouse တစ်ခုဖြစ်သည့် Goods in Transit ကို ရွေးချယ်ပါ။

![](/files/6d86e93.png)

* Item Code တွင် လွှဲပြောင်းပေးလိုက်မည့် ကုန်ပစ္စည်းကိုရွေးချယ်ပါ၊

* Qty တွင် လွှဲပေးလိုက်သည့် အရေအတွက်ကိုထည့်သွင်းပါ။

![](/files/7a3f0e6.png)

### Stock Ledger တွင် ပြန်လည်စစ်ဆေးကြည့်ပါက...

* ကုန်ပစ္စည်းထုတ်ပေးလိုက်သည့် Store Warehouse တွင် ကုန်ပစ္စည်းအရေအတွက်လျော့သွားမည်ဖြစ်ပြီး၊ ကြားခံ Warehouse တစ်ခုဖြစ်သည့် Goods in Transit တွင် ကုန်ပစ္စည်း အရေအတွက်တိုးသွားကြောင်းတွေ့ရမည်။

![](/files/8b930ba.png)

### Accounting Ledger တွင် စစ်ဆေးပါက...

* Goods in Transit Warehouse Account တွင် တန်ဖိုးတိုးလာပြီး

* Store Warehouse Account ဖြစ်သည့် Stock in Hand တွင် တန်ဖိုးလျော့နည်းသွားသည်ကိုတွေ့ရမည်။

* ကြားခံ Warehouse ဖြစ်သည့် Goods in Transit မှ နောက်ဂိုထောင်တစ်ခုသို့ အမှန်တကယ်ရောက်ရှိသည့်အခါတွင် ...

![](/files/9e66fdc.png)

* End Transit ကိုနှိပ်ပါ။

![](/files/10.png)

* Posting Date တွင် ရောက်ရှိသည့်နေ့ကိုထည့်သွင်းပါ။

![](/files/1111bacb.png)

![](/files/1244f5da.png)

* Default Target Warehouse တွင် လက်ခံရရှိသည့် Warehouse ကိုရွေးချယ်ပါ။

![](/files/13b4bfa8.png)  


* Qty တွင် အမှန်တကယ်လက်ခံရရှိသည့်အရေအတွက်ကိုထည့်သွင်းပါ။

* Save and Submit ကိုနှိပ်ပါ။

### Stock Ledger တွင်ပြန်လည်စစ်ဆေးကြည့်ပါက...

![](/files/14364977.png)  


* ကြားခံ Warehouse ဖြစ်သည့် Goods in Transit တွင် အရေအတွက်လျော့နည်းပြီး၊ လက်ခံလိုက်သည့် Warehouse တွင် အရေအတွက်တိုးလာကြောင်းတွေ့ရမည်။

### Accounting Ledger တွင် စစ်ဆေးကြည့်ပါက...

![](/files/15d33018.png)  


* လက်ခံလိုက်သည့် Warehouse Account တွင် တန်ဖိုးတိုးလာပြီး ကြားခံ Warehouse Account ဖြစ်သည့် Goods in Transit တွင် တန်ဖိုးလျော့နည်းသွားသည်ကိုတွေ့ရမည်။

### ကြားခံ Account ဖြစ်သည့် Goods in Transit Account ကို စစ်ဆေးကြည့်ပါက...

![](/files/1609fdc8.png)  


* ပို့လိုက်သည့် ကုန်ပစ္စည်းတိုင်း လက်ခံရရှိထားသောကြောင့် Debit နှင့် Credit ညီပြီး Balance 0 ဖြစ်သွားကြောင်းတွေ့ရမည်။
