---
title: "FOC (Purchase Invoice)"
space: "User Manual"
url: "https://docs.bcncl.com/user/manual/foc-purchase-invoice"
updated: "2026-06-03"
---

**ပစ္စည်းဝယ်သည့်အချိန်တွင် FOC ရပါကအောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။ (ဥပမာ-ပစ္စည်း 10 ခုဝယ်၍ FOC 1 ခုရသည်ဆိုပါကထိုအတိုင်းထည့်သွင်းနိုင်ပါသည်။)**

* အဝယ်စာရင်းထည့်သွင်းရန်အတွက် Purchase Invoice သို့သွားပါ။
* Add Purchase Invoice ကိုနှိပ်ပါ။

![](/files/HFf7p28.png)  


* Date တွင် Purchase Invoice ဖွင့်သောနေ့ကိုထည့်ပါ။
* Supplier ထည့်ပါ။

![](/files/Bq3kyMM.png)  


* ပစ္စည်းတခါထဲရောက်သည်ဆိုပါက Update Stock တွင်အမှန်ခြစ်ထည့်ပါ။
* Set Source Warehouse တွင်ပစ္စည်းထားမည့် Warehouse ကိုရွေးပါ။

![](/files/RjclLof.png)  


* Item တွင်ဝယ်သည့်ကုန်ပစ္စည်းကိုထည့်ပါ။
* Accepted Qty တွင်ဝယ်သည့်အရေအတွက်ကိုထည့်ပါ။
* Unit Price တွင်ဝယ်ဈေးကိုထည့်ပါ။

![](/files/iQGpQFX.png)  


* FOC ရသည့်ကုန်ပစ္စည်းရှိပါက Add Row တိုး၍ထည့်ပါ။
* Item တွင် FOC ရသည့် Item ကိုထည့်ပါ။
* Accepted Qty တွင် FOC ရသည့် Qty ကိုထည့်ပါ။
* ထို့နောက် FOC ရသည့် Item ကို Discount 100% နှင့်ထည့်ရန်အတွက် FOC အကြောင်းရှိ Edit ကိုနိပ်ပါ။
* Edit Row ဆိုပြီးပေါ်လာပါက Discount and Margin ဘေးမှ Down Arrow ကိုနှိပ်ပါ။
* Discount on Price List Rate (%) တွင် 100 ဆိုပြီးထည့်ပါ။

![](/files/YrnC9vE.png)  


* Item Table တွင်ကြည့်ပါက Amount 0 နှင့်ကျသွားသည်ကိုတွေ့ရမည်ဖြစ်သည်။

![](/files/DKvdlGr.png)  


* Save, Submit လုပ်ပါ။

**Stock Ledger Report တွင်စစ်ကြည့်ပါကလည်း**

![](/files/T1DHksd.png)  


* ဝယ်ယူထားသည့်ပစ္စည်းအရေအတွက်တိုင်းသာတန်ဖိုးဝင်သွားပြီး FOC ရသော Qty အတွက်တန်ဖိုးမဝင်သွားသည်ကိုတွေ့ရပါသည်။

  


  


