---
title: "Fee Structure"
space: "User Manual"
url: "https://docs.bcncl.com/user/manual/fee-structure"
updated: "2026-06-03"
---

Fee Structure ဆိုသည်မှာ သင်တန်းကြေးကောက်ခံရာတွင်ပါဝင်သောကျသင့်ငွေစာရင်းများကို စာရင်းဇယားဖြင့်ထည့်သွင်းထားသော ပုံစံတစ်ခုဖြစ်ပါသည်။

Fee Structure တစ်ခုထည့်သွင်းရန်အတွက် အောက်ပါအချက်များကိုကြိုတင်ပြင်ဆင်ထားရမည်။
Academic Term
Academic Year
Program
Student Category

အထက်ပါအချက်များပြင်ဆင်ပြီးပါက Fee Structure အသစ်ထည့်သွင်းရန်အတွက် -

![](/files/34.png)

Fees အောက်ရှိ Fee Structure ကိုနှိပ်ပါ။

![](/files/35.png)

Add Fee Structure ကိုနှိပ်ပါ။

![](/files/36.png)

Naming Series ကိုရွေးချယ်ပါ။
Program တွင် Fee သတ်မှတ်မည့် Program ကိုရွေးချယ်ပါ။
Student Category တွင် Student အလိုက် Category ခွဲခြားထားပါက ရွေးချယ်ပါ။
Academic Year နှင့် Academic Term တွင် Fee ကောက်ခံမည့် ပညာသင်ကာလကိုရွေးချယ်ပါ။

![](/files/37.png)

Components အောက်ရှိ Fee Category တွင် ကောက်ခံမည့် Fee အမျိုးအစားများကိုရွေးချယ်ပါ။
Description တွင် အကြောင်းအရာများထည့်သွင်းရေးသားလိုပါက ထည့်သွင်းပါ။
Amount တွင် ကျသင့်မည့် ပမာဏကိုထည့်သွင်းပါ။
Total Amount တွင် စုစုပေါင်းကုန်ကျစရိတ်ကိုတွေ့ရမည်။

![](/files/38.png)

Receivable Account နှင့် Income Account တွင် ချိတ်ဆက်လိုသည့် စာရင်းခေါင်းစဥ်များကိုရွေးချယ်ပါ။

![](/files/39.png)

Cost Center အလိုက်ထားလိုသည်များရှိပါကလည်း ခွဲခြားနိုင်ပါသည်။
လိုအပ်သည်များပြည့်စုံစွာထည့်သွင်းပြီးပါက Save ကိုနှိပ်ပါ။ Submit ကိုနှိပ်ပါ။

![](/files/40.png)

ထည့်သွင်းထားသော Fee Structure ကိုတွေ့ရမည်။
အခြား Fee Structure များထည့်သွင်းမည်ဆိုပါက ထိုနည်းအတိုင်းထပ်မံထည့်သွင်းနိုင်ပါသည်။