---
title: "Expense Claim"
space: "User Manual"
url: "https://docs.bcncl.com/user/manual/expense-claim"
updated: "2026-06-03"
---

ဝန်ထမ်းများမှ အခါအားလျော်စွာ Company ၏ အကြောင်းကိစ္စများအတွက် Company မှ ထုတ်ပေးငွေမဟုတ်ပဲ ကိုယ်ပိုင်ငွေဖြင့် အသုံးပြုခဲ့လျှင် Company ထံမှ ငွေပြန်လည်တောင်းခံရာတွင် Expense Claim Form ဖြင့် ပြန်လည်တောင်းခံနိုင်ပါသည်။  

####Expense Claim ပြုလုပ်ရန် ဦးစွာ

- HR Module ထဲမှ Expense Claim ခေါင်းစဥ်အောက်မှ Expense Claim သို့သွားပါ။

- Add Expense Claim ကိုနှိပ်ပါ။

![](/files/Picture19ae962.png) 

- From Employee တွင် Expense Claim တင်မည့် Employee Name ကို ရွေးပေးပါ။

- Expense Approver နေရာတွင် Company ဖက်မှ Approve လုပ်ပေးမည့်သူကို ရွေးပါ။

- Expense Claim Type နှင့် Amount ကိုထည့်သွင်းပါ။

![](/files/Picture273c808.png)

- Accounting Tab သို့သွား၍ Payable Account ထည့်သွင်းပါ။

![](/private/files/Picture1.png)

- Save ပြုလုပ်ပါ။

- သက်ဆိုင်ရာ Approver မှ Approved or Rejected ရွေးချယ်ပြီးလျှင် Submit ပြုလုပ်ပါ။